တစ်ခုသော ဒီဇင်ဘာ
အသက်ရှုသံ ခပ်ပြင်းပြင်းထွက်လာသည်အထိ ခေါင်းစောင်းကာ အိပ်ပျော်နေသော မာန်ပြည့်ကြောင့် ကားကို ဘေးကပ်ရပ်လိုက်ရသည်။ ကားစီးရင် air-con မဖွင့်ခိုင်းဘဲ ဘေးတံခါးသာ ဖွင့်စီးတတ်သည့် ကောင်လေးကြောင့် လေပြင်းက ကားတွင်းသို့ တဟုန်တိုး တိုးဝင်သည်။ ရန်ကုန်တွင်းဆို အဆင်ပြေသော်လည် အဝေးပြေးလမ်းမထက်မှာတော့ အဆင်မပြေ။ ဘေးတံခါးများကို အရင်ပြန်ပိတ်ရသည်။
နောက်ခန်းက ဂွမ်းစောင်ပါးလေးကို လှမ်းယူကာ ခြုံပေးတော့ ခပ်ကွေးကွေးအနေအထားသို့ ပြောင်းသည်။ တောင်တက်ရန် ဆင်တူဝတ်လာသည့် sneaker နက်ပြာလေးကို ချွတ်ပေးလိုက်တော့ ရင်ဘတ်နဲ့ဒူးခေါင်းထိသည်အထိ ကွေးကာဆက်အိပ်သည်။ဆံတော်ရှင် ကျိုက်ထီးရိုးသွားချင်ပါသည်ဆို၍ ကိုယ်တိုင်ကားမောင်းကာ ပို့ပေးရသည်။ တကယ်ဆို သူကိုယ်တိုင်လည်း ကားမောင်းတတ်တာ မကြာသေး၍ အဝေးပြေးကားနှင့်သာ သွားရန် တွေးမိသော်လည်း အေးဆေးသွားချင်သည့် မာန်ပြည့်ကြောင့် ရာဇာ အရဲစွန့်ကာ ကိုယ်တိုင်မောင်းလာခဲ့ခြင်း ဖြစ်သည်။ ပန်ပန်က အခုဆို အမေတို့ မေချိုတို့နဲ့ ခရီးတွေ လိုက်ဖြစ်နေ၍ ဒီခရီးမှာ ပန်ပန့်ကို မခေါ်ဖြစ်။မျာက်မလေးက လိုက်ချင်နေသေးတာ။
ခဏနားပြီးသည်နှင့် ကားပြန်ထွက်သည်။ "မင်းအိပ်မငိုက်အောင် ငါဘေးကနေ စကားပြောပေးမယ်" ဟု ဆိုထားသည့် မာန်ပြည့်ကတော့ ဘေးတွင် အိပ်မောကျလို့ နေသည်။ မနေနိုင်စွာ ကားမောင်းနေရင်းနဲ့ပင် နှာခေါင်းပွပွလေးကို တစ်ချက်လှမ်းတောက်လိုက်သည်။
"စောတယ်နော် ကားမောင်းတာ မြန်တာပဲ"
မျက်လုံးပင် ကောင်းကောင်းမဖွင့်သေးဘဲ ဖောရှောလုပ်တော့သည်။ သူ ပုံမှန်နှုန်းထက်ပင် လျှော့မောင်းလာတာ။ မနက် ၄နာရီကျော်သာ ရှိသေး၍ တောင်တက်ကားတွေက မထွက်သေး။
"အပြင်မှာ အေးတယ် ခေါင်းစွပ် စွတ်ထား"
ရာဇာ ပြောနေသော်လည်း မာန်ပြည့်က ပေါင်နှစ်ချောင်းကြားထဲ လက်ထည့်ကာ ငြိမ်နေသည်။ တော်တော် ချမ်းအေးနေသည့်ပုံ။ သူကိုယ်တိုင်ပဲ Hoodie ခေါင်းစွပ်ကို ဆွဲစွတ်ပေးရသည်။ ကြိုးစနှစ်ချောင်းကို ခပ်တင်းတင်းဆွဲ၍ ချည်ပေးလိုက်တော့ မျက်လုံးနှင့် နှာခေါင်းသာ မြင်ရတော့သည်။ ချမ်းနေ၍ မာန်ပြည့်က စကားမပြောသော်လည်း သူ့အာ မျက်မှောင်ကြုတ်ကာ ကြည့်သည်။ ဖိနပ်ပြန်ဝတ်ဖို့လည်း ပျင်းနေ၍ သူချွတ်ပေးထားသည့် ဖိနပ်ကို သူကိုယ်တိုင် ပြန်ဝတ်ပေးရသည်။ လုပ်ပေးပါဟု အားကိုးတာမျိုး မဟုတ်ဘဲ မနေနိုင်တဲ့ သူကိုယ်တိုင်က ဖြည့်ဆည်းပေးချင်သည့် အသေးအမွှားလေးတွေ ဖြစ်သည်။ မာန်ပြည့်ရဲ့ တာဝန်တွေကို သူတစ်ယောက်တည်း ပိုင်ဆိုင်ချင်မိတာ။
![](https://img.wattpad.com/cover/240731740-288-k639344.jpg)
BINABASA MO ANG
အိမ်ပြေး , အိမျပွေး { Z + U } Complete
Teen FictionZawgyi ခံစားချက်တွေကို ဖွင့်ဟလိုက်ရင် ခင်ဗျားတို့နားလည်လာလိမ့်မယ်။ ပွင့်လင်းစွာချစ်ရခြင်းက ဘယ်လောက်ထိ စိတ်အာဟာရ ဖြစ်စေသလဲဆိုတာ။ Unicode ခံစားချက်တွေကို ဖွင့်ဟလိုက်ရင် ခင်ဗျားတို့နားလည်လာလိမ့်မယ်။ ပွင့်လင်းစွာချစ်ရခြင်းက ဘယ်လောက်ထိ စိတ်အာဟာရ ဖြစ်စ...