33

11.9K 1.7K 107
                                    

အလုပ်လုပ်ချင်သည်ဟု တဂျီဂျီ ပူဆာနေသော မာန်ပြည့်ကြောင့် ရာဇာ့မှာ အကြံအိုက်နေရသည်။ ညဆိုင်းအလုပ်တွေ မလုပ်စေချင်၍ အလုပ်ရှာသည့်ကိစ္စကို မေ့ချင်ယောင်ဆောင်နေသော်လည်း ငနဲသားက နေ့စဉ်နဲ့အမျှ နားပူနားဆာတိုက်နိုင်လွန်းသည်။ ကိုယ်တိုင်အလုပ်ရှာဖို့တောင် ပျင်း၍ သူ့အားရှာခိုင်းသည့် မာန်ပြည့်က ညဆိုင်းအလုပ်တွေကို ဘယ်လိုများ လုပ်မလဲ။
အိပ်ရေးလည်း မပျက်စေချင်သလို ပင်ပန်းမှာလည်း စိုးရိမ်သည်။ ညမှာ မြူးသည့် ရာဇဝတ်သားများ၏ ရန်ရှာခံရမှာလည်း စိတ်ပူရသည်။

ညသန်းခေါင်ယံ အချိန်ဖြစ်၍ စတိုးဆိုင်တွင် လူရှင်းနေသည်။ ကောင်တာတွင် ခဏထိုင်ကာ Facebook ထဲဝင်၍ မာန်ပြည့်အတွက် သင့်တော်မည့် အလုပ်ကို ရှာရသည်။

/အလုပ်ရှာတွေ့လား/

အွန်လိုင်း ဖွင့်လိုက်သည်နှင့် မာန်ပြည့်ဘုန်းလျှံဆိုသည့် အကောင့်မှ သူ့ထံစာပို့လာသည်။

/No/

/😡 /

ချစ်စရာကောင်းလွန်းတဲ့ emoji လေးကြောင့် သူ သဘောတကျ ပြုံးမိသည်။ အဲ့ပုံလေး အတိုင်းများ မာန်ပြည့် လိုက်လုပ်နေလေမလား။

/အမြန်ရှာပေးကွာ၊ ငါတကယ် အလုပ်လိုနေတာ/

ထပ်ရောက်လာသော စာကြောင့် ရာဇာသက်ပြင်းချရသည်။ ငဆိုးလေးက လိုချင်တာပြော သူဝယ်ပေးမည်ဆိုတော့လဲ လက်မခံ။

/အင်း။ ရှာနေတယ်။ အိပ်တော့လေ ညည့်နက်နေပြီ/

/မင်းရော အိပ်ငိုက်နေလား /

/ကျင့်သားရနေပြီ။ စိတ်မပူနဲ့ အိပ်တော့နော်/

သူတကယ်လည်း အကျင့်ဖြစ်နေပါပြီ။ အလုပ်မရှိတဲ့ ညများဆို အကျင့်ဖြစ်နေသော မျက်လုံးများကို မနည်းမှိတ်ကာ အိပ်ရသည်။

/ချစ်တယ်/

လောကဓံက သူ့အား အလုံးစုံတော့ မရက်စက်သေးပါ။ မာန်ပြည့်ဘုန်းလျှံဆိုတဲ့ အိမ်ပြေးလေးကို သူ့ဘဝထဲ ထည့်ပေးတာနဲ့တင် နာကျင်ခဲ့ရသမျှကို တွန်းလှန်နိုင်ပါသည်။

/ပြန်ပြောလေကွာ 🖕😡 /

ကဲ ဘယ်လောက်ထိ ချစ်ဖို့ကောင်းနေလိုက်သလဲ။ ပြေးတွေ့ကာ ဖက်ထားပစ်လိုက်ချင်သည်။

အိမ်ပြေး , အိမ်ပြေး { Z + U } Complete Nơi câu chuyện tồn tại. Hãy khám phá bây giờ