Part (1)

29.4K 1.1K 26
                                    

Unicode

Year - 2500
Location- space (near earth 5, solar system)

"Shane!!"

ပါးစပ်မှ သွေးများကျဆင်းလာသည့် Shane က သူ့ကို တောင်းပန်သလို တစ်ချက်ကြည့်ပြီး universe တစ်ခုလုံးအလိုရှိနေသည့် အပြစ်သားနှင့် အတူတူ black hole ထဲသို့ ခုန်ချသွားသည်။

"မဖြစ်ဘူး!!"

အတင်းလိုက်သွားမလို့ ပြင်နေသည့် သူ့ကို စစ်သားတွေက ဝိုင်းဆွဲထားကြသည်။

"သခင်လေး စိတ်ထိန်းပါ"

စစ်သားတွေက အတင်းရုန်းဖယ်နေသည့် သူ့ကို ရွေးချယ်စရာမရှိတော့၍ မေ့ဆေးအပ်နှင့် ထိုးလိုက်ရသည်။ black hole ဆိုတာမျိုးက အာကာသထဲမှာ အန္တရာယ်အရှိဆုံးနေရာ။ ဆွဲအားပြင်းလွန်းလို့ အဲ့ထဲကျသွားရင် တစ်စစီ ဆွဲစုတ်ပြီးသား ဖြစ်သွားမှာပင်။ သခင်လေးရဲ့ ချစ်သူအတွက်တော့ စိတ်မကောင်း။ universe တစ်ခုလုံးရဲ့ ရန်သူ Dark Lord နှင့် ယှဥ်ပြိုင်တိုက်ရင်း ကိုယ့်ကိုကိုယ်စတေးခံသွားခဲ့သည်လေ။
______________________
"ကျွန်တော့်သားနဲ့ တွေ့ခွင့်ပေးပါ အဖေ"

"မင်းရဲ့သားက သေသွားပြီ"

"ဗျာ!"

ဖခင်ဖြစ်သူရဲ့ စကားအဆုံး သူအရုပ်ကြိုးပြတ်လဲကျသွားသည်။ ချစ်ရသူကို ဆုံးရှုံးခဲ့ပြီးပြီ။ အခု သားငယ်လေးကိုပါ ဆုံးရှုံးရပြီလား။

"ကျွန်တော်မယုံဘူး အဖေ"

"မင်းမယုံလဲ မတတ်နိုင်ဘူး ဒါအမှန်တရားပဲ သဘာဝကို ဆန့်ကျင်ပြီး ရလာတဲ့ ကလေးက သက်ဆိုးရှည်မယ်လို့ မင်းထင်နေလား။ မင်းကြောင့် ငါဘယ်လောက်အရှက်ရတယ် ထင်လဲ"

သူ့ဖခင် Lord ဝမ် ပြောသည့် စကားက မမှား။ သူနှင့် Shane က နှစ်ယောက်လုံး Alpha တွေ။ Shane က သူ့ကို ချစ်လွန်းလို့ သားအိမ်ထည့်ကာ သားငယ်လေးကို မွေးဖွားခဲ့ခြင်း။ တစ်လတောင် မရှိသေးတဲ့ သားငယ်လေးက အခုတော့ သူ့ကိုထားခဲ့ပြီတဲ့။

"သွားတော့ ဝမ်လင်းဟန်....မင်းရဲ့ ဒီပုံစံကို ငါမမြင်ချင်ဘူး"

သူလေးပင်တဲ့ ခြေလှမ်းများနဲ့ ပြန်လာခဲ့သည်။ သူဟာ သားငယ်လေးကိုရော Shane ကိုပါ မကာကွယ်ပေးနိုင်ခဲ့ပါလား။ Shane နဲ့သားလေး နောက်ဘဝမှာ သူမပါဘဲ ပျော်ပျော်ရွှင်ရွှင်နေနိုင်ကြမှာပါ........။
_______________________
Year - 2520
Location - Earth 1, Solar System

Saviors of the OmegaverseМесто, где живут истории. Откройте их для себя