နာကျင်မျက်ရည်(Only Love)-33

115 8 10
                                    

(Unicode)

နာကျင်မျက်ရည်(Only Love)-33

"မေသူ... နင်င့ါကို ချစ်နေတာလား..." ရုတ်တရက်ကြီး ပြောသော မင်းခ ရဲ့စကားက
မေသူ့ရဲ့ နှလုံး ခုန်သံကို ရပ်တန့်သွားစေနိုင်တဲ့ အထိပင်ဖြစ်သည်။

မေသူ ဘာပြန်ဖြေရမှန်းမသိ။
ဘာပြန်ပြောလို့ပြောလိုက်ရမှန်းလည်းမသိတော့ဘဲ  ခြေဖျားလက်ဖျားတွေ အေးစက်ကာ မျက်ရည် လည်လာသည်။

မျက်ဝန်းထဲက မျက်ရည်တွေကို မင်းခ မမြင်အောင် ခေါင်းကိုငုံ့ထားလိုက်သည်။

" မင်းခ... ငါက ...ငါက မိန်းကလေးလေဟာ..." ငိုသံသဲ့သဲ့လေး ပါနေသောအသံက မေသူ့ဆီက ထွက်လာသည်။

" မေသူရယ်... ငါ နင့်ကို ဘာပြောရမှန်းမသိတော့ဘူး..." မင်းခ လည်း ဝမ်းနည်းနေပြီး ပြောလိုက်သည်။

" ငါ...ငါက တကယ်တော့...."

"တော်တော့ မင်းခ...နင်ပြောမယ့်စကားတွေကို ငါသိတယ်... နင့်စိတ်ထဲမှာ ဘာဖြစ်နေလဲ ဆိုတာလည်း ငါသိတယ်... နင် ဘယ်သူ့ကြောင့်ခံစားနေရလဲ ဆိုတာလည်းငါသိတယ်
နင်မပြောပါနဲ့တော့..." မေသူက ငိုပြီး ထိုနေရာကနေပြေးထွက်သွားသည်။

ကျန်နေခဲ့သည့် မင်းခ မှာလည်း မျက်ရည်စတွေ များစွာနှင့်ပင်ဖြစ်သည်။
မင်းခ ထိုင်နေရာကနေ ချက်ချင်းထပြီး မေသူ့နောက်ကိုပြေးလိုက်သွားသည်။

မေသူ့လက်ကို အနောက်ကနေဆွဲပြီး မင်းခ ဘက်သို့ လှည့်ကာ ‌ရင်ခွင်ထဲကို ထည့်လိုက်သည်။

"မေသူရယ်... ငါ...ငါတောင်းပန်ပါတယ်... ငါ့နှလုံးသား က ဒဏ်ရာတွေ နဲ့ ပြည့်နေပြီ..."  
မင်းခက မျက်ရည်တွေ ဝဲလျက်ပြောတော့
မေသူက

"ငါသိပါတယ်...နင် သူ့အတွက်ခံစားနေရတာကို ငါ ဟိုးအရင်ကတည်းကသိတယ်...နင်ခံစားနေရတာကိုကြည့်ပြီး ငါအားပေးချင်ခဲ့တာပါ...ဒါပေမယ့် နင်ရှက်သွားမှာ စိုးလို့ မသိချင်ဟန်ဆောင်နေခဲ့ရတာ ...ငါ့အတွက် နင်ဘာမှ စိတ်မကောင်းမဖြစ်ပါနဲ့ ...နင်က ငါချစ်တာထက် အများကြီးသူ့ကို ပိုချစ်တာ ငါသိပါတယ်..." မေသူကမျက်ရည်တွေ သုတ်ပြီး ပြုံးကာပြောလိုက်သည်။

မေသူပြုံးနေရင်းနဲ့ပဲ ရုတ်တရက် မျက်နှာ တည်သွားပြီး မင်းခကို ဖက်ထားသည့် လက်ကို လွှတ်လိုက်မိသည်။

နာကျင်မျက်ရည်(Only Love)(BL Story)(Completed)Hikayelerin yaşadığı yer. Şimdi keşfedin