နာကျင်မျက်ရည်(only love)-13(BL)

112 11 0
                                    

(Unicode)

နာကျင်မျက်ရည်(only love)-13

ရှိုင်းရဲ့ မျက်ဝန်းတွေ ထဲမှာ မင်းခ အဖြေရှာကြည့်သည်။ ရှိုင်းရဲ့စိတ်ထဲမှာ မင်းခ ရှိနေမည်ဆိုတာကိုလည်း မင်းခယုံကြည်သည်။
မင်းခ ကတော့ ရှိုင်းကိုချစ်နေမိတယ် ဆိုတာ ကိုယ့်ကိုကိုယ်သိနေခဲ့ပြီ။

ဘော်ဒါ ရောက်လို့ ဆရာတွေ ကိုကန်တော့ကြတော့လည်း ရှိုင်း အနားမှာ ခင်ဝတ်မှုံကမခွာပေ။

ခင်ဝတ်မှုံ အနားမှာရောက်နေသော ရှိုင်းကိုကြည့်ပြီး မင်းခ စိတ်ထဲမှာ အလိုလို ဝမ်းနည်းနေမိသည်။ ရှိုင်းသာ တစ်ခြားတစ်ယောက် နှင့်ချစ်သူ ဖြစ်သွားလျှင်သူဘယ်လိုမှ ခံနိုင်ရည် ရှိမှာ မဟုတိပေ။

သို့ပေမယ့် သူ ချစ်နေတာ ကို ရှိုင်းသိသွားလျှင် ဘယ်လိုတုံ့ပြန်မလဲ သူမသိပေ။
အကယ်၍ ရှိုင်းသာ သိသွားပြီး စိတ်ဆိုးသွားလျှင် ရှိုင်း အနားမှာ အရင်လိုနေခွင့် ရတော့မှာ မဟုတ်ပေ။
ထိုအခါ သူပိုပြီး နာကျင် ရပေမည်။

ဘော်ဒါကနေပြန်လာတော့ ရှိုင်း က

"မင်းခ ...မင်းဘာဖြစ်နေတာလဲ ...နေမကောင်းဘူးလား..."ဟူမေးပြီး သူ့နဖူးကနု ရုတ်တရတ် လာစမ်းသည်။

"ကောင်းပါတယ်...." မင်းခက လေသံ ခပ်ပျော့ပျော့လေးနဲ့ ပြန်ပြောသည်။

"ကောင်းတယ်သာပြောတယ် မျက်နှာက လည်းမသာမယာနဲ့ ဘာတွေ ဖြစ်နေတာလဲ..."ဟု ပြောပြီး ရှိုင်းက မင်းခ ရဲ့ ဆံပင်လေးတွေကို ခပ်ဖွဖွဆလးကိုင်လိုက်သည်။

"ဘာမှ မဖြစ်ပါဘူး ...ဒီလိုပါပဲ..."

" မင်းခ...မင်းဆံပင်လေးတွေ က သိပ်ကိုင်လို့ကောင်းတာပဲ သိလား..." ရှိုင်းကပြောသည်။

မင်းခ က သူ့ခေါင်းကို ဘယ်သူမှ ကိုင်ဝာာ ကြိုက်သူမဟုတ်ပေ။ ရှိုင်းကိုင် လျှင်တော့ သူငြိမ်နေတက်သည်။

"ဟဲ့ မင်းခ...နင့်ခေါင်းကို ငါထိတုန်းကငါကနု့အော်လွှတ်လိုက်ဝာာများ ...ငါ့လိပ်ပြာ‌ တောင်လွှင့်မတက်ဘဲ...အခုကျတော့ ငြိမ်နေပါလား..." မေသူက မဲ့ ကာ ပြောလိုက်သည်။

"နင်က မိန်းကလေးလေဟာ...."

" အမယ်လေး ဘုရား...ဟုတ်ပါပြီ ငါကမိန်းကလေးမို့ ခေါင်းကို အထိမခံဘူးဆိုပါတော့..."

နာကျင်မျက်ရည်(Only Love)(BL Story)(Completed)Donde viven las historias. Descúbrelo ahora