နာကျင်မျက်ရည်(only love)-15(BL)

112 4 2
                                    

(Unicode)

နာကျင်မျက်ရည်(only love)-15

ညီလေးငယ်ရဲ့ ဘဝမှာ အချစ်ဆိုဝာာကို
တိုးအောင်နဲ့ မှ စတင်ခံစား မိခဲ့ဖူးခဲ့သည်။

မိမိကိုယ်မိမိ လိင်တူ စိတ်ဝင်စားသည့် Gay တစ်ယောက် ဖြစ်မှန်းသိခဲ့ ပေမယ့် ချစ်ရတဲ့ သူတစ်ယောက်မှ မတွေ့ခဲ့ဘူးပေ။

တိုးအောင်နဲ့ တွေ့တော့ သူ့နှလုံးသားဟာ စတင် နိုးထလာခဲ့သည်။

တိုးအောင် ဟာ ရည်းစားများပြီး ပွေရှုပ်သည်ဟု သူသိထားပေမယ့် တိုးအောင်ကို အချိန် ခဏလေးအတွင်းမှာသူသိပ်ချစ်မိသွားခဲ့သည်။

တိုးအောင်နှင့် စတင်တွေ့ဆုံမှုက

" ညီလေးငယ် ...လာပါ ...မင်းဘယ်လို လူလဲ ဆိုတာ ငါတို့ကောင်းကောင်းသိပါတယ်...ဘာဖြစ်နေတာလဲ..."ကောင်လေးနှစ်ယောက်က ညီလေးငယ်က ချောင်ထဲသို့ အတင်းဆွဲခေါ်ပြီး ပြောသည်။

ညီလေးငယ် ကြောက်လန့်တကြီးနှင့် ရုန်းထွက်နေပေမယ့် လူနှစ်ယောက်မို့အားမတန်ပေ။

"ဟေ့‌ကောင်လေးတွေ ...လွှတ်လိုက်ကြစမ်း..."တိုးအောင်က ရောက်လာပြီး အော်လိုက်သည်။ ထိုအခါမှ ကောင်လေးနှစ် ယောက်က ညီလေးငယ် ကို လွှတ်ပေးပြီးထွက်ပြေးသွားကြသည်။

သူ့ကိုအနိုင်ကျင့်ခံနေရာမှ ရုတ်တရက်ပေါ်ထွက်လာသော တိုးအောင်ဟာ
ညီလေးငယ် ရဲ့ မျက်လုံးထဲမှာတော့ အလွန်ကို ဖြောင့်မတ်လွန်းလှပြီး သူရဲကောင်းတစ်ယောက်လိုပင်။

တိုးအောင်ကကြောက်လန့်ကြီးစွာနှင့်
အသားတွေ တဆတ်ဆတ် တုန်ယင်နေသော ညီလေးငယ်ရဲ့ လက်ကလေးကလေးကို ကြင်နာစွာ ကိုင်ပြီး

"အဆင်ပြေရဲ့ လား ညီလေး..."ဟုမေးလိုက်သည်။

ညီလေးငယ်က တိုးအောင်ရဲ့ မျက်နှာကိုမော့ကြည့်တော့ မေးရိုးကားကားနှင့်
ဖြောင့်မတ်ဝာည်ကြည်ကာ ယောက်ျားပီသသော တိုးအောင်၏မျက်နှာက အလွန်ဆွဲဆောင်မှု ရှိနေသည်။

"ဟုတ် ...ဟုတ်ကဲ့..." ညီ‌ လေးငယ်က ခေါင်းကလေးငုံ့ကာ ပြန်ဖြေသည်။

ထိုအချိန်မှစပြီး ညီလေးငယ်ရဲ့ နှလုံးသားထဲမှာ တိုးအောင်ဟာ နက်ရှိုင်းစွာ နေရာယူသွားခဲ့လေသည်။

နာကျင်မျက်ရည်(Only Love)(BL Story)(Completed)Donde viven las historias. Descúbrelo ahora