နာကျင်မျက်ရည်(only love)-4 (BL)

261 11 0
                                    

(Unicode)

နာကျင်မျက်ရည်(only love) - 4 (BL)

" သား...လိမ်လိမ်မာနေနော်... အဆောင်မှူးဆရာဖြူနဲ့ ဆရာတွေရဲ့စကားကိုနားထောင်... အကိုတွေ သူငယ်ချင်းတွေနဲ့ လည်း သင့်မြတ်အောင်နော်..." အမေကနှုတ်ဆက် ကားပြောတော့ ညီမင်းခ မျက်ရည်တွေဝဲတက်လာသည်။

ညီမင်းခ က အမေနဲ့အတူ ရင်အုပ်မကွာနေလာခဲ့ပြီး ယခု ရှစ်တန်းရောက်တော့ ဘော်ဒါဆောင်နေဖို့ အမေနှင့်ခွဲရပေတော့မည်။

" သားရယ် ...အမေမှာ သားပဲရှိတာပါ...အမေလည်း ဘယ်ခွဲချင်ပါ့မလဲသားရယ်....ဒါ‌ပေမယ့် ငါ့သားလေးရဲ့ရှေ့ရေးအတွက် မခွဲချင်လညိးခွဲနေရမှာပေါ့..."ဟု အမေက ပြောသည်။

အဆောင် မှူး ဆရာဖြူပြောသလို

" တစ်ရက်နှစ်ရက်လောက်နေရင်တော့နေသားကျသွားမှာပါ..."ဟု စိတ်ထဲမှာ ဖြေ တွေးလိုက်ချင်သော်လည်း အမေ့ကို ကြည့်ရင်း သူငိုချင်လာသည်။

အမေတစ်ခုသားတစ်ခု ဘဝမှာ ခင်တွယ်စရာ သားအမိလေးနှစ်ယောက် ပဲရှိသည်။ယခု ခွဲနေရမည် ဆိုတော့ သူ မခွဲခွာချင်တာမစမ်းပေ။

သို့သော် ယောက်ျား လေးတစ်ယောက်ဖြစ်ပြီး
သူ့လိုတ ခြားသူတွေ လည်းနေနိုင်နေတာမို့
အံကျိတ်ကာ မျက်ရည်မကျအောင် တင်းခံထားသည်။

" သား...မေမေသွားပြီ‌နော်.... ကျန်းမာရေးဂရုစိုက်...ပြီးတော့ စာကြိုးစားနော်.."ဟုပြော ပြီး အမေက နှုတ်ဆက်ကာ ထွက်သွားသည်။

နေရာ ခင်းကျင်းကာ အခန်းထောင့်လေးမှာ ထိုင်ကာ ငိုင်နေသည်။

ထိုစဉ် ကောင်လေးတစ်ယောက်က ရောက်လာပြီးသူ့အနားမှာလာထိုင်သည်။

"ဟေ့ ...ငါက မင်းအ ခန်းဖော်လေ...နောက်တစ်ယောက်တော့ ဘယ်နေ့လာမလဲ မသိသေးဘူး..."ဟု‌ထို ကောင်လေးကပြောသည်။ ထိုကောင်လေး၏ စကားပြောပုံဆိုပုံက ခပ်နွဲ့နွဲ့ ဆိုပေမယ့် ပုံစံကတော့ ထိုကဲ့သို့ မဟုတ်။အသားညိုညို အရပ်ရှည်ရှည်နှင့် ကုလားဆင် ဖြစ်သည်။

"အော်...အင်း..."မင်းက က ပြန်ပြောတော့

"ဘာမှ စိတ်ညစ်မနေနဲ့ ....လာ...ငါ အဆောင် လိုက်ပြမယ်လေ..."ဟု ပြောကာ မတ်တပ်ရပ်ပြီးသူ့ကို လက်ငမ်းပေးလိုက်သည်။

နာကျင်မျက်ရည်(Only Love)(BL Story)(Completed)Unde poveștirile trăiesc. Descoperă acum