နာကျင်မျက်ရည်(Only Love)-22

110 7 2
                                    

(Unicode)

နာကျင်မျက်ရည်(Only Love)-22

ရှိုင်းက မင်းခ နဲ့မှ မဟုတ် ။
တခြားမည်သူမဆို ယောက်ျားလေးချင်း
စလျှင် သိပ်မကြိုက်တက်ပေ။ အမြဲ ခါးခါးသီးသီးငြင်းဆန်တက်သူဖြစ်သည်။

ယောက်ျားလေးချင်း သဘောကျတာ ကြိုက်တာကို လည်း ခါးခါးသီးသီးငြင်းဆန်တက်သူတစ်ယောက်လည်းဖြစ်နေသည်။

ရှိုင်း ရဲ့ မျက်နှာကိုကြည့်ပြီး မင်းခ သက်ပြင်းချ ရုံကလေးပဲ တက်နိုင်ခဲ့သည်။

"မင်းခ ...ရော့..." ရှိုင်းက စွပ်ပြုတ်ကို ဇွန်းလေးနဲ့ ခပ်ပြီး အေးအောင်မှုတ်ကာ တိုက်တော့ရုတ်တရတ်မို့ မင်းခကြောင်အ
သွားသည်။နောက်မှ သောက်လိုက်သည်။

"ကောင်းလား...မ ကောင်းလည်း ‌ကုန်အောင်သောက်လိုက် ဒါမှ အားရှိလာမှာ..."ရှိုင်းရဲ့ မျက်နှာဟာ ချက်ချင်းပဲ ပြုံးသွားပြီး ပြောနေတာမို့ မင်းခ အံ့ဩမိသည်။

ရှိုင်း တိုက်သည့် စွပ်ပြုတ်ကို မင်းခ သောက်ရင်း စိတ်ထဲမှာ ကုန်သွားမှာကိုစိုးရိမ်နေမိသည်။

**********************************

"မင်းခ ....နေကောင်းပြီလား..." မိုးဇော်ရဲ့ အခန်းဖော် ကျော်ဇော က လှမ်းနှုတ်ဆက်တော့

"ကောင်းပါပြီကွာ...မင်းတို့လည်း ငါ့ကြောင့် အလုပ်များခဲ့ရကောပေါ့..."

"ရပါတယ်ကွာ...ငါ့တို့ထက် မင်းသူငယ်ချင်း
ရှိုင်းက မှ အလုပ်များတာ...မင်းတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် အတော် ခင်ကြတာပဲ..."

"ငါတို့က ငယ်သူငယ်ချင်းပဲဆိုပါတော့ ...အိမ်ကလည်း ကပ်လျက်လေ...ဒါ့ကြောင့်ပါ..."မင်းခက ပြန်ပြောသည်။

"ရှိုင်းက လည်း အတော်အောင်မြင်လာပြီနော်... Photo shootingတွေ တောက်လျှောက်ရိုက်ရတယ်...မင်းလည်း dancerသင်တန်းတက်နေတယ်ဆို...သင်တန်းပြီးရင်ပြိုင်ပွဲတွေဘာတွေ ဝင်ပြိုင်ပါ့လား..."ကျော်ဇောက ပြောတော့

"ပြိုင်မှာပါ... ဒါနဲ့ ကျော်ဇော...ရှိုင်း ဘယ်ထွက်သွားတာလဲ ဟင်..."မင်းခက မေးလိုက်သည်။

"ရှိုင်းလား ..သူ့စော်နဲ့သွားတွေ့တယ် ထင်ပါတယ်...သူစော် က ‌‌သူဌေးသမီးထင်တယ်ကွ...ကားနဲ့ တောင်လာခေါ်သွားတာ..."
ကျော်ဇောရဲ့စကားကြားတော့ မင်းခ စိတ်ထဲမှာ အလိုလို ဝမ်းနည်းလို့လာသည်။

နာကျင်မျက်ရည်(Only Love)(BL Story)(Completed)Où les histoires vivent. Découvrez maintenant