နာကျင်မျက်ရည် (Only Love)-18
Gayဆိုရင် သိပ်မုန်းတာတဲ့လား ရှိုင်း။ဒါဆို မင်းကို ချစ်နေမိတဲ့ ငါ့ကိုလည်း မင်း မုန်းမှာပေါ့နော်။
မင်းခ မျက်ရည်ဝဲတက်လာသည်။ထိုမျက်ရည်တွေကိုတော့ စီးကျမလာအောင်ထိန်းထားလိုက်သည်။
ရှိုင်းရဲ့ လက် က မင်းခ ရဲ့ မျက်လုံးနားကို ရုတ်တရတ်ရောက်လာသည်။မင်းခက အနောက်ကို ဆုတ်လိုက်ပြီး ရှိုင်းကိုကြည့်လိုက်တော့ မျက်လုံးချင်းဆုံသွားသည်။ စိတ်ထဲမှာ မျက်ရည်ဝဲနေတာ ရှိုင်းများမြင်သွားလေမလား တွေးရင်း စိုးထိတ်မိသည်။
"မျက်ချေးတွေ ကြည့်ပဲ ...မျက်နှာသွားသစ်ချေတော့လေကွာ...."
"အေး ဟုတ်သားပဲ မင်းခ ..."ဆမသူက ပါဝင်ပြောသည်။ထိုအခါမှ မင်းခ က ကဗျာကယာပြေးထွက်လာခဲ့သည်။ရေချိုးခန်းထဲရောက်တော့ဘေစင်မှန်ပေါ်နေသော မိမိမျက်နှာကို ကြည့်ပြီး
"ငါ ဘာလို့ ဒီလောက်မျက်ရည်လွယ်ရတာလဲ... ငါ စိတ်ဓါတ်မာကျောနေမှ ဖြစ်မယ်...ငါ့မှာ နာကျင်စရာတွေ အများကြီးကြုံရဦးမှာ...
ပြီးတော့...မျက်ရည်တွေလည်း အများကြီးကျရဦးမှာ ...ဒါပေမယ့် ငါ့မျက်ရည်တွေကို ငါထိန်းချုပ်မှရမယ်...." ရေရွတ်ကာ မျက်နှာ သစ်သည်။Gayတွေကို မုန်းတယ်ဟူသော ရှိုင်းရဲ့ စကားကြောင့် မင်းခ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ထိုအရာကရှိုင်းကို ဘယ်တော့မှ ဖွင့်မပြောဖို့ ဖြစ်လေသည်။အကယ်၍ ရှိုင်းကို ဖွင့်ပြောမိလို့ စိတ်မုန်းသွားမှာကို လည်း မလိုချင်သလို ရှိုင်းအနားမှာ အခုလို နေခွင့်ကလေး ပျောက်သွားမှာကိုလည်း မလိုချင်မိပေ။
ဒီအတိုင်းလေး ရှိုင်းအနားမှာနေပြီး ရှိုင်းမျက်နှာ လေးကို ငေးနေခွင့် ရလျှင်ပဲ သူကျေနပ်ပြီဟု ဆုံးဖြတ်ချက်ချလိုက်သည်။*****************************
မေသူ၊ ရှိုင်း နှင့် မင်းခတို့ သုံးဦး Junction center(နေပြည်တော်)မှာ ရုပ်ရှင်အတူကြည့်ကြသည်။ ရုပ်ရှင်ကြည့်နေရင်းရှိုင်းကို မသိမသာ ခိုးကြည့်ရတာ ဟာလည်း ရင်ခုန်စရာ တစ်ခုပင်ဖြစ်သည်။ ပေါက်ပေါက် ဆုပ်နှိုက်စားရင်း ရှိုင်းရဲ့ လက်ကလေးကို ထိလိုက်ရတာ ဟာလည်း သူ့အတွက်ကြည်နူးစရာဖြစ်သည်။ ရှိုင်းသောက်ထားသည့် ပိုက်ကလေး ကို လိုက်သောက်ပြီး စိတ်ထဲမှာ ပျော်ရွှင်စရာ တစ်ခုဖြစ်ခဲ့သည်။
![](https://img.wattpad.com/cover/234507028-288-k712285.jpg)
YOU ARE READING
နာကျင်မျက်ရည်(Only Love)(BL Story)(Completed)
רומנטיקהလူတစ်ယောက်နဲ့ တစ်ယောက် ချစ်ဖို့ လိုအပ်တာ က အချစ်သည်သာ