(Unicode)နာကျင်မျက်ရည်(only love)-12(BL)
ညရောက်တော့ မင်းခက စာကျက်နေရင်း သူနဲ့ မလှမ်းမကမ်းမှ ရှိုင်းကိုမသိမသာ လှမ်းကြည့်မိသည်။
ရှိုင်းကတော့ သူ့ဖာသာ စာ ကိုအေးအေးလူလူကျက်နေနိုင်သည်။ သူက သာ ရှိုင်းစကားမပြောလို့ မနေတက် မထိုင်တက်ဖြစ်နေခြင်းသာ ဖြစ်လေသည်။
စာကျက်နေသော်လည်း စာထဲမှာ အာရုံမရောက်ပေ။ စိတ်ထဲ မှာ ဘယ်လို မှ ထိန်းချုပ်လို့မရ တဲ့ အဆုံး စာအုပ်ကို ပိတ်ပြီး ငေါက်ခနဲ ထကာ ရှိုင်း ရှေ့မှာ သွားရပ်လိုက်သည်။
" ရှိုင်း ....မင်းဘာဖြစ်နေတာလဲ...ဘာလို့ တစ်နေ့လုံးငါ့ကို စကားမပြောရတာလဲ ..."
မင်းခက မေးလိုက်သည်။ရှိုင်းက မျက်လုံးလေးပင့်ကာကြည့်လိုက်ပြီး
" ဘာလို့လဲ မင်းမသိဘူးလား....မင်းလုပ်ထားဝာမင်းသိပေါ့ ..."အေးစက်စက်လေသံဖြင့်ပြန်ဖြေသည်။
" ငါ ဘာလုပ်မိလို့လဲ....ငါတကယ်မသိဘူး..."
" မင်း စာအုပ်ကို ဘာလို့ ငါထဲထည့် ပေးတာလဲ... ငါမပါရင် ငါ့ဖာသာ အပြစ်ပေးခံ မှာပေါ့ အခုက မသိရင် ငါက အပြစ် ပေးခံ ရမှာ သိပ်ကြောက်နေလို့ မင်းကပဲ ကူညီ သလိုလိုနဲ့ .."
" ရှိုင်း....မင်း ထင်သလိုမဟုတ်ဘူး ...ငါက စေတနာနဲ့ ထည့်ပေးတာ ... မင်းက ရန်ဖြစ်ထားလို့ နဂိုကတည်းက ဆရာတွေ သိပ်ကြည်တာ မဟုတ်ဘူး...အခုလို ကိစ္စလေးတွေ ပါ ထပ်ဖြစ်လာရင် မင်းကို လုံးဝ အာရုံထားမိသွားတော့မှာ ဒါ့ကြောင့်ငါ လုပ်လိုက်မိတာပါ... " မင်းခ က ရှိုင်းကို စိုက်ကြည့်ပြီး ပြောလိုက်သည်။
" ရပါတယ် ...ငါ့စေတနာ ကို မင်းနားမလည်လည်း ရပါတယ်...အရေးကြီးတာ မင်း အဈင်ပြေဖို့ပဲ...တစ်ခုပဲ ...ငါ စိတ်မကောင်းတော့ ဖြစ်မိတယ်..." မင်းခ က ပြောပြီး လှည့်ထွက်မည်ပြုတော့ ရှိုင်းက အနောက်မှ လက်ကိုဆွဲ လိုက်သည်။
မင်းခက နောက်ပြန်လည် လာရာ ရှိုင်းရဲ့ မျက်နှာ နှငိ့အတော်လေး နီးကပ်ကာသွားသည်။ ရှိုင်းက မင်းခ ရဲ့ မျက်လုံးတွေကို ငေးစိုက်ကြည့် နေတော့ မင်းခရင်တွေ တဒိတ်ဒိတ် ခုန်လာခဲ့သည်။
![](https://img.wattpad.com/cover/234507028-288-k712285.jpg)
أنت تقرأ
နာကျင်မျက်ရည်(Only Love)(BL Story)(Completed)
عاطفيةလူတစ်ယောက်နဲ့ တစ်ယောက် ချစ်ဖို့ လိုအပ်တာ က အချစ်သည်သာ