(Unicode)နာကျင်မျက်ရည် (Only Love)-19
မျက်တောင်မခတ်စတမ်း ခင်ဝတ်မှုံကို ငေးမောနေသောရှိုင်းကိုကြည့်ပြီး မင်းခရဲ့စိတ်ထဲမှာ အူတိုနေမိသည်။
ခင်ဝတ်မှုံက လည်းငေးမောချင်စရာကောင်းလောက်အောင်ကို လှလို့နေသည်။ ဂျင်းပြာရောင်ဘောင်းဘီနှင့် အပေါ်မှာ ရှပ်အကျီ ဖြူလွလွလေးကို ဝတ်ထားပြီး ရှူးဖိနပ် အဖြူရောင်လေး စီးထားတာမို့ လူငယ်ဆန်ဆန်ပေါ့ပေါ့ပါးပါးနှင့် မိမိုက်လျက်ရှိသည်။
သူမ အနောက်မှာ လည်း ငေးမောနေသော ပုရိသတွေရဲ့ မျက်လုံးတွေက မနည်းလှပေ။
မင်းခ တစ်ချက်မဲ့လိုက်ပြီး သက်ပြင်းချမိသည်။
ခင်ဝတ်မှုံက သူတို့ရှေ့ရောက်တော့ ပြုံးလိုက်ပြီး
"ရှိုင်း...နင်ကလည်း မမြင်ဘူးတဲ့သူတွေကျနေတာပဲ...ဘာလို့ဒိလောက်ကြည့်နေရတာလဲ ..."ဟုပြောတော့ မေသူက မဲ့ကာရွဲ့ကာ ဖြင့်
" ဟုတ်ပါ့...."ဟု ပြောလိုက်သည်။မေသူက လည်း ခင်ဝတ်မှုံကို အမြင်ကြည်ဟန်မတူပေ။
"နင်ကကျောင်းပြောင်းလာဝာာလား...."မင်းခက မေးတော့
"ဟုတ်တယ်...ဖေဖေတို့က အခု နေပြည်တော်
ကို ပြန်ပြောင်းလာပြီလေ..
ဒါ့ကြောင့်သူငယ်ချင်းတွေရှိတဲ့ကျောက်ဆည် ကနည်းပညာတက္ကသိုလ်ကို လိုက်ပြောင်းလာဝာာ...အခုက တမင် အလည်လာဝာာ...""ရှိုင်း...ငါရောက်တုန်း ငါ့ကို မုန့်လိုက်ကျွေး ..." ဟုပြောကာ ရှိုင်းရဲ့ လက်ကို ချိတ်လိုက်ပြီး အရှေ့ကနေလျှောက်သွားသည်။
မေသူက မျက်လုံးကို အပေါ်ပင့် လိုက်ပြီး အောင့်သက်သက်နှင့်ရယ်လိုက်ကာ
"လာလာ...မင်းခ...ငါတို့လည်းလိုက်သွားကြမယ်..."မေသူက လည်း မင်းခကို ဆွဲခေါ်ကာ ထွက်လာခဲ့သည်။
******************************
မူယာမာယာမျိုးစုံနှင့် ရှိုင်းနံဘေးမှာ ကပ်နေသော ခင်ဝတ်မှုံကိုကြည့်ပြီး မင်းခ စိတ်ထဲမှာ စိုးထိတ်မှုတွေ နဲ့ပြည့်နှက်နေသည်။
မေသူက တော့ ခင်ဝတ်မှုံကို ကြည့်ပြီး အမြင်ကပ်လျက်ရှိသည်။မေသူက ငြိမ်ကြည့်နေပြီး သည်းမခံနိုင်သည့်အဆုံး စားပွဲကို လက်ဖြင့်ရိုက်လိုက်သည်။

BẠN ĐANG ĐỌC
နာကျင်မျက်ရည်(Only Love)(BL Story)(Completed)
Lãng mạnလူတစ်ယောက်နဲ့ တစ်ယောက် ချစ်ဖို့ လိုအပ်တာ က အချစ်သည်သာ