နာကျင်မျက်ရည်(Only Love)-47

95 6 2
                                    

(Unicode)

နာကျင်မျက်ရည်(Only Love)-47

ရှိုင်းတစ်ယောက်တည်း ထွက်လာခဲ့ပြီး  ခြေဦးတည့်ရာကို လျှောက်သွားနေမိသည်။

ရင်ထဲမှာ မွန်းကြပ်နေသမျှ အခုမှ ပြေပျောက်သွားသလိုပင် ။

ညမှောင်ရီပျိုးချိန် တစ်ယောက်တည်း လမ်‌ဘေးက အုတ်ခုံလေးမှာ ထိုင်နေတုန်း လူတစ်ယောက်က သူ့မြင်ကွင်းထဲကို မြင်လာသည်။

စိတ်ထဲမှာ လည်း မြင်ဖူးသလိုလို ရှိတာမို့ အာရုံစိုက်ကာကြည့်နေရင်း သတိရသွားသည်။

"စည်သူမောင်မောင်..." သူ့ နှုတ်ဖျားကနေရေရွတ်လိုက်ပြီး ထိုသူဆီသို့လျှောက်လာခဲ့သည်။

စည်သူမောင်မောင် က ဘော်ဒါမှာကတည်းက သူနှင့် မင်းခတို့ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်သည်။

စည်သူမောင်မောင် ကလည်း သူ့ကို မြင်သွားပြီး ချက်ချင်းပဲ သူ့ဆီ ကိုလျှောက်လာသည်။

" ရှိုင်း... မင်းက ရှိုင်းမဟုတ်လား..." စည်သူက အားရဝမ်းသားဖြင့်မေးလိုက်ရာ

" အေး...ဟုတ်တယ်...စည်သူ မတွေ့ရတာတောင်ကြာပြီကွာ... မင်းပုံက ဘယ်လိုဖြစ်တာလဲ... ဒီအချိန်ကြီး ရှိုးအပြည့်နဲ့ပါလား..."
ရှိုင်းကမေးတော့ စည်သူ က နာကျင်စွာ ပြုံးလိုက်ကာ

" ဒါကို နောက်မှ ရှင်းပြမယ်... မင်းကလည်းအထုပ်တစ်လုံးနဲ့ ပါလား....ဘာလဲ အိမ်ပေါ်က ဆင်းလာတာလား..."  ဟုမေးသည်။
စည်သူက တော့ အရင်ကလို ခပ်နွဲ့နွဲ့ ပုံစံ ပဲဖြစ်သည်။သို့ပေမယ့်  အတော်လေး ရင့်ကျက်နေပြီး လူကြီးတစ်ယောက် ပုံစံတော့ပေါက်လို့နေပြီ။

" ဟုတ်တယ် ငါ အိမ်ပေါ်ကဆင်းလာဝာာ..."
ရှိုင်းက ခပ်ဟဟ ရယ်ပြီးပြောတော့

" ဟင်... ဘာလို့လဲ..." ဟု စည်သူက ပြန် မေးသည်။

" ဒီလိုပါပဲ... အဆင်မပြေတာလေးတွေ ရှိလို့..."

" အဆင်မပြေဘူးဟုတ်လား... အံ့ဩစရာပဲ... အစစအရာရာပြည့်စုံတဲ့ မင်းက အိမ်နဲ့ အဆင်မပြေတာရှိတယ်တဲ့ ... ဒါနဲ့မင်းစေ့စပ်ပြီးသွားပြီဆို..."

"ဟုတ်တယ်... အခုအိမ်ပေါ်က ဆင်းလာတာအဲ့ဒီကိစ္စကြောင့်ပဲ..."  လမ်းလျှောက်နေရင်း ရှိုင်းက ပြန်ဖြေသည်။

နာကျင်မျက်ရည်(Only Love)(BL Story)(Completed)Hikayelerin yaşadığı yer. Şimdi keşfedin