နာကျင်မျက်ရည်(Only Love)-29

106 7 3
                                    

(Unicode)

နာကျင်မျက်ရည်(Only Love)-29

ရှိုင်းက မသိသလို ထွက်သွားပေမယ့် မင်းခကတော့ နောက်ပြန်လှည့် ကာ ကြည့်နေမိဆဲ ဖြစ်သည်။

မျက်ရည်စတွေ နဲ့ ကြည့်နေသော မင်းခကို
ခင်ဝတ်မှုံက လှမ်းအော်ခေါ်လိုက်သည်။

"မင်းခ... " မင်းခ မျက်ရည်တွေ သုတ်ပြီး လှည့်ကြည့်လိုက်တော့

" ဒီကို လာပါဦး... ငါနင့်ကိုပြောစရာ ရှိတယ်..." ဟု လှမ်းခေါ်သည်။

မင်းခ လျှောက်လာပြီး ခင်ဝတ်မှုံ နံဘေးမှာ ဝင်ထိုင်လိုက်သည်။

" နင် ဘာလာလုပ်တာလဲ... ထပ်ပြီး နှောင့်ယှက်ချင်နေသေးတာလား..." ဟု
ခင်ဝတ်မှုံက လေသံမာမာ နဲ့ မေးသည်။

မင်းခက မျက်ရည်စတွေ နဲ့ ခေါင်းကို ခါယမ်းပြီး

" ဟင့်အင်း ... ငါနှောင့်ယှက်ဖို့ မဟုတ်ပါဘူး...
ငါ ...ငါ ရှိုင်းကို လာနှုတ်ဆက်တာပါ...
ငါ မနက်ဖြန် နေပြည်တော်ကိုပြန်တော့မယ်... နောက်ဆုံးအနေနဲ့ ရှိုင်းကို လာနှုတ်ဆက်တာပါ..."ဟုပြောတော့

ခင်ဝတ်မှုံက မဲ့လိုက်ပြီး

"ဟုတ်လား...စိတ်မကောင်းလိုက်တာဟာ...
ရှိုင်းက လည်း နင်လာ‌တယ်လို့ ငါပြောလိုက်တာနဲ့ အအေးဝယ်မယ်ဆိုပြီးချက်ချင်းကို ထထွက်သွားဝာာ...ငါ့အထင် သူ့က နင့်ကို အတော်လေး မုန်းနေတယ် ထင်တယ်..." ဟုပြောသည်။

"ရှိုင်းက သူ့ကို မုန်းနေတယ် "ဟူသော
စကားက ကွဲအက်နာကျင်နေသော
သူ့နှလုံးသားကို ထက်ပြီးအက်စစ်နဲ့
ပက်လိုက်သလိုခံစားရစေသည်။

တကယ်ပဲ ရှိုင်းက သူ့ကို မုန်းသွားပြီလား ဟု‌တွေးကာ စိတ်ခြောက်ခြားလာသည်။
ချက်ချင်း ထထွက်သွား လိုက်ချင်သည်။ အခိုးအငွေ့တွေလို လွင့်ပြယ်သွားချင်မိသည်။

မျက်ရည်တွေ စီးကျနေသော မင်းခကို ကြည့်ပြီး ခင်ဝတ်မှုံက မဲ့ပြုံးလေးပြုံးလို့နေသည်။

"မင်းခရယ်... နင်လည်း မဖြစ်နိုင်တာကို မျှော်လင့်မနေပါနဲ့တော့... ရှိုင်းနဲ့ အဝေးဆုံးမှာနေပြီး ကို့ ဘဝ အတွက် ကောင်းမယ့် အလုပ်တွေ ပဲ လုပ်လိုက်ပါတော့..." ခင်ဝတ်မှုံက ပြောတော့ မင်းခ မျက်ရည် တွေ သုတ်လိုက်ပြီး

နာကျင်မျက်ရည်(Only Love)(BL Story)(Completed)Tahanan ng mga kuwento. Tumuklas ngayon