(Unicode)
နာကျင်မျက်ရည်(Only Love)-25
ခင်ဝတ်မှုံ ချိန်းထားသည့် အခန်းထဲကို မင်းခ ရောက်လာသည်။
ခင်ဝတ်မှုံက
"နင်ရောက်လာတာ နောက်ကျ လိုက်တာ... ဘာစားဦးမှာလဲ..."ဟု ပြောလိုက်သည်။
"တော်ပြီ...မစားတော့ဘူး...နင်ဘာပြောစရာရှိတာလဲ...ပြောစရာရှိတာပဲပြော..." မင်းခက ဝင်ထိုင်ပြီး မေးသည်။
" ပြောစရာရှိတယ်ဆိုတာထက် ...
သတိပေးစရာရှိတာပါ..." ခင်ဝတ်မှုံက မဲ့ကာ ပြောတော့ မင်းခက မျက်မှောင်ကျုတ်ပြီး"သတိပေးစရာ ဟုတ်လား...နင်က ငါ့ကို ဘာအတွက် သတိပေးရမှာလဲ..." ဟု ပြန်မေးလိုက်တော့
" ဘာအတွက်လဲဆိုတာထက် ...နင့်မျက်လုံးတွေကို ငါသိနေတယ်..."ခင်ဝတ်မှုံက
လက်ပိုက်ပြီး မဲ့ပြုံးကလေးပြုံးလျက်ပြောသည်။"ဘာကိုသိတာလဲ... ငါ့ကို ဒဲ့ပြော..." မင်းခက လည်း ဒေါသသံ ပါဝင်နေပြီး ပြောသည်။
" နင်... ရှိုင်းကို ကြိုက်နေတာလေ... နင်ကျောင်းသားဘဝ ကတည်းက ရှိုင်းကို ကြိုက်နေတာငါသိတယ်...."
"အာ.... နင်...နင်ဘာတွေလာပြောနေတာလဲ..." မင်းခ က ခေါင်းကို ခါယမ်းလျက် ပြောသည်။ စကားသံများက တုန်ယင်ပြီး ကြောက်ရွံ့နေသယောင်ပင်။
" နင်မလိမ်နဲ့ ..." ခင်ဝတ်မှုံက လက်ညှိုးထိုးကာ ဆက်ပြောသည်။
" မျက်လုံးဆိုတာ လူတစ်ယောက်ရဲ့ စိတ်ကို ဖတ်လို့ အကောင်းဆုံးနေရာပဲတဲ့...နင့်မျက်လုံး ထဲကို ကြည့်ဝာာနဲ့ ရင်ထဲအထိမြင်နေရတယ်..."
"မဟုတ်ဘူး... ငါက ယောက်ျားလေးချင်း ဘာလို့ကြိုက်ရမှာလဲ..." မင်းခက မျက်လွှာ ချလျက်ပြောသည်။
" နင် ဖြေဝာာတောင် ငါ့မျက်လုံးတွေကို ကြည့်ပြီး မဖြေရဲဘူးမလား... လိမ်ဖို့ကြိုးစားမနေနဲ့ အမှန်အတိုင်းဖြေ..." ခင်ဝတ်မှုံက စကားလုံးတွေနဲ့ မင်းခ ကို စတင်ထိုးနှက်လေသည်။
မင်းခ ဘာပြန်ပြောရမှန်းမသိဘဲ တွေဝေနေသည်။ ဖြစ်နိုင်လျှင် ခင်ဝတ်မှုံ ရဲ့ မေးခွန်းတွေကို ပြန်မဖြေချင်ပေ။ ချက်ချင်း ထထွက်သွားလိုက်ချင်ပြီ။
အလုံပိတ်အခန်းငယ် တစ်ခုမှာ ပိတ်မိနေပြီး
လွတ်မြောက်ဖို့ လမ်းမရှိသလို မွန်းကြပ်စွာ ခံစားနေရသည်။
VOCÊ ESTÁ LENDO
နာကျင်မျက်ရည်(Only Love)(BL Story)(Completed)
Romanceလူတစ်ယောက်နဲ့ တစ်ယောက် ချစ်ဖို့ လိုအပ်တာ က အချစ်သည်သာ