နာကျင်မျက်ရည်(Only Love)-26

107 7 4
                                    

(Unicode)

နာကျင်မျက်ရည်(Only Love)-26

ဘာကြောင့်မှန်းမသိ အခု ရက်ပိုင်းတွေမှာ
ရှိုင်းကို မင်းခ တစ်ယောက် ရှောင်နေမိသည်။

ခင်ဝတ်မှုံပြောသည့် စကားတွေ ကြောင့် လား
ဘာကြောင့်လည်းတော့ မင်းခ ကိုယ့်ကိုကိုယ် မသိပေ။

ရှိုင်း စကားပြော လျှင် ပြန် ပြောပြီး မေးထူးခေါ်ပြော ရုံသာ နေနေမိသည်။
သို့ပေမယ့် ရှိုင်း မမြင်ကွယ်ရာ ရောက်မှ ရှိုင်းကို ငေးရသည်။ ရင်ထဲမှာ လည်း တဆစ်ဆစ် နာကျင် ပြီး မျက်ရည်တွေ က အမြဲလိုလို စီးကျနေဆဲ ။

ရှိုင်းက တော့ မင်းခ ဘာဖြစ်နေတာ လဲ သတိထားမိဟန်မတူပေ။ မင်းခ တမှိုင်မှိုင်
တထွေထွေ နှင့် မို့ ပြိုင်ပွဲအတွက်လေ့ကျင့် ချိန်တိုင်းမှာ လဲ အမြဲ အလွဲလွဲ အချော်ချော် ဖြစ်နေပြန်သည်။

" မင်းခ...မင်းဘာ ဖြစ်နေတာလဲ ...ဒီနေ့တစ်နေ့လုံး အဆင်မပြေဘူး...ကိုယ့်ကို ကိုယ် Leader ဆိုတာလည်း သတိရပါအုံး ...." နည်းပြ ဖြစ်သူ Jokey က သတိပေး စကားပြောသည်။

" ဟုတ်ကဲ့ပါ...ကျွန်တော် အာရုံ ပြန်စုစည်းပါ့မယ်..." မင်းခ ပြောပြီး ပြန်ကြိုးစားသည်။

အလုပ်မှာ တစ်နေကုန် အဆင်မပြေမှုတွေ ကြောင့် မင်းခ စိတ်ဖိစီးမှုတွေ များလာသည်။

အဆောင်ပြန် ရောက်ပြီး အခန်းထဲဝင်တော့
ရှိုင်းက ကုတင်ပေါ်မှာ ဖုန်းသုံးနေရင်း

" ဟေ့ကောင်မင်းခ ...မျက်နှာကြီးကလည်း သုန်မှုန် လို့ ...ဘာဖြစ်လာတာလည်း..." ဟုလှမ်းမေးသည်။

" ဘာမှ မဖြစ်ပါဘူး... ဒီနေ့ လေ့ကျင့်ရတာ သိပ်အဆင်မပြေလို့..." ဟု ပြန်ဖြေပြီး နောက်ကျောပေးကာ အဝတ်အစားလဲနေစဉ် ရှိုင်းက မင်းခ အနားကို ရောက်လာသည်။

မင်းခ အနောက်ကို ပြန်လှည့် လာတော့ရှိုင်းရဲ့ မျက်နှာ ကြီးကို ရုတ်တရက်တွေ့လိုက်ရတာမို့ လန့်သွားသည်။

ရှိုင်းက မင်းခ ရဲ့ နဖူးလေးကို စမ်းကြည့်ကာ

"ဟင်...နေလည်း ကောင်းပါတယ်...ကိုယ်နည်း နည်း နွေးနေသလိုပဲ ကျန်းမာရေး ဂရုစိုက်လေကွာ... " ရှိုင်းကပြောတော့ မင်းခ ပြန်မ ဖြေဘဲ ရှိုင်းရဲ့ မျက်လုံးတွေကို ငေးစိုက်ကြည့်နေမိသည်။

နာကျင်မျက်ရည်(Only Love)(BL Story)(Completed)Donde viven las historias. Descúbrelo ahora