နာကျင်မျက်ရည် (only love)-6(BL)
(Unicode)
"အော်.... ဘာပြောမလို့လဲ..." မင်းခ က လန့်သွားရာမှ စိတ်ပြန်ထိန်းကာ မေးလိုက်သည်။
" ဟို....ငါ့ကို သွားတိုက်ဆေး ခဏလောက် ငှားပါလား...ငါ မပါလာလို့ ...."ဟု ရှိုင်းက အိ ပ်ချင်မူးတူး ရုပ်ကလေးနှင့်မျက်လုံးကို ပွတ်သပ်ရင်းပြောလိုက်တော့
"အော်အေးအေး...ရော့ ..."ဟု မင်းခက ဆပ်ပြာ ခြင်းတောင်းထဲက သွားတိုက်ဆေးဘူးကို ယူပေးလိုက်သည်။
"ကျေးဇူးပဲ..." ရှိုင်းက ပြုံးပြုံးလေး ပြောပြီး ယူကာ ထွက်သွားသည်။
ပြုံးပြသွားသော ရှိုင်းရဲ့ အပြုံးကို မြင်ပြီး
မင်းခ မှင်သက်သွားသည်။" ဘယ်လို ပုံလေးလည်း မသိဘူး ဒီကောင်ကတော့ ..." မင်းခက ပြုံးလျက်ရေရွတ်ပြီး လုပ်စရာရှိတာ ဆက်လုပ်နေလိုက်သည်။
မနက်စာ ထမင်းစားဖို့ ထမင်းယူတော့ မင်းခနဲ့ စည်သူတို့က ခုံတန်းလျားလေးမှာ ထမင်းကြော်နှင့်ကော်ဖီ သောက်ရင်း စကားပြောနေကြသည်။
ရှိုင်းက လည်း ထမင်းပန်းကန်နှင့် ကော်ဖီခွက် ကလေးကိုင်ကာရောက်လာပြီးသူတို့ နဲ့ အတူ ထိုင်စားသည်။
သူတို့ အတူ ထမင်းစားနေရင်း ရှိုင်းကို တစ်ယောက်ပြီးတစ်ယောက် လာနှုတ်ဆက်ကြသည်။ မင်းခ နှင့် စည်သူတို့က ရှိုင်းကိုအံ့အားသင့်သည့် မျက်လုံးများဖြင့်ကြည့်နေမိသည်။
မနေ့ ညက မှရောက်တာ ဆိုပေမယ့် ချက်ချင်း မိတ်ဖွဲ့ နိုင်သော ရှိုင်းကို တော့ သူတို့နှစ်ယောက် အံ့အားမသင့်ဘဲ မနေနိုင်ကြပေ။
ထမင်းစားပြီးသွားတော့ကျောင်းသားအားလုံးက သက်ဆိုင်ရာ sectionဆီသို့ စီတန်းကာ လမ်းလျှောက်သွားကြသည်။
စာသင်ခန်းရောက်တော့ မင်းခ နဲ့စည်သူ
တို့ က ခုံတန်းတွေရဲ့အလယ်လောက်မှာ အတူထိုင်လိုက်ကြသည်။" ငါ အနောက်တန်းမှာ သွားထိုင်လိုက်မယ်နော် ...."ဟု ပြောပြီး ရှိုင်းက ထွက်သွားတော့ မင်းခ က စိတ်မကောင်းသည့်မျက်လုံးတွေ နှင့် ရှိုင်းကို လိုက်ကြည့်နေမိသည်။
أنت تقرأ
နာကျင်မျက်ရည်(Only Love)(BL Story)(Completed)
عاطفيةလူတစ်ယောက်နဲ့ တစ်ယောက် ချစ်ဖို့ လိုအပ်တာ က အချစ်သည်သာ