နာကျင်မျက်ရည်(Only Love)-45

97 6 1
                                    

(Unicode)

နာကျင်မျက်ရည်(Only Love)-45

မင်းခ ရေချိုးပြီးကာစ အချိန် အိမ်ရှေ့က
ဘဲလ်တီးသံကြောင့်  တဘတ်ကလေး ခါးမှာပတ်ပြီး ထွက်လာခဲ့သည်။

အိမ်တံခါးဖွင့်လိုက်တော့ ရှိုင်းကို တွေ့လိုက်ရသည်။

ရှိုင်းက ရုတ်တရက် ဗျုန်းစားကြီး သူ့ကို လာဖက်သည်။

မင်းခ အူတူတူကလေးနဲ့

"ရှိုင်း.... ဘာဖြစ်လာလို့ လဲ...လူတွေ မြင်ကုန်မယ်.... လာအိမ်ထဲဝင်..." ဟုပြောမှ ရှိုင်းက သူ့ကို လွှတ်ပေးသည်။ ရှိုင်း လွှတ်ပေးတော့ မင်းခက  အခန်းတံခါး ပိတ်လိုက်သည်။
အခန်းတံခါးပိတ်ပြီးတော့ မင်းခက
အရှေ့ကနေထွက်သွားတော့ ရှိုင်းလည်း အနောက်ကနေ လိုက်လာခဲ့သည်။

ခေါင်းကရေတွေ ကို အမွှေးပွ တဘတ်ကြီးနဲ့ သုတ်ပြီး လမ်းလျှောက် သွားသော မင်းခ ကိုကြည့်ပြီး သူ ရင်တွေ လှိုက်ဖိုလာသည်။

မင်းခ ရဲ့ ခြေသလုံးဖွေးဖွေး လေး က ပေါ်နေပြီး ဖောင်းတက် နေသော တင်ပါးလေးက လည်း ရိုက်ချင်စရာ ။

အို...ငါဘာတွေ တွေးနေတာလဲ ကွာ ...။
ရှိုင်းရေရွတ်ပြီး မင်းခ အခန်းထဲကို လိုက်လာခဲ့သည်။

မင်းခက ရေသုတ်နေ‌ တော့ ရှိုင်းက ကုတင်ပေါ်မှာ ထိုင်ပြီးစောင့်နေစဉ်

"ဘာဖြစ်လာတာလဲ ရှိုင်း... ညကြီး မိုးချုပ်..."ဟုမေးသည်။

ရှိုင်းကတော့ မင်းခ ပြောတာကို မကြား မင်းခ ရဲ့ မို့မောက်နေသည့် ရင်အုပ်ကြွက် သားကို ကြည့်ကာ ရေဆာ နေသလို ဖြစ်နေသည်။

"ရှိုင်း..." မင်းခက ပုခုံးကို လှုပ်မှ သတိဝင်လာပြီး ရှက်သွားကာ ခေါင်းလေး ငုံ့မိသည်။

" ဟို...ဟို... မင်းဘာမေးလိုက်တာလဲ..." အထစ်ထစ် အငေါ့ငေါ့နှင့် ရှိုင်းက မေးသည်။

" ည ကြီး ဘာလို့ လာတာလဲမေးတာ..." မင်းခက မျက်မှောက် ကြုတ် လျက်ပြောတော့မှ
ရှိုင်းက သွားဖြီးပြပြီး

" မင်းကို သတိရလို့ ..."ဟုပြောသည်။

" ဟာ...အပိုတွေကွာ..." မင်းခက လည်း ရှက်သွေးဖျာ လျက် တစ်ဖက်သို့ လှည့်ပြီးပြောသည်။

နာကျင်မျက်ရည်(Only Love)(BL Story)(Completed)Wo Geschichten leben. Entdecke jetzt