နာကျင်မျက်ရည်(only love)-14(BL)

106 8 0
                                    

(Unicode)

နာကျင်မျက်ရည်(only love)-14

ရှိုင်းရောက်လာတော့ တေဇတို့က မင်းခကို ဝိုင်းပြီး အနိုင်ကျင့်နေကြသည်။

"ဟေ့ကောင်တေဇ... မင်းခကိုလွှတ်လိုက်စမ်း...အာ..." ရှိုင်းက အော်ဟစ်ပြီး တေဇတို့ကို ပြေးကန်သည်။

ရှိုင်းက ကန်လိုက်တော့ တေဇက မင်းခကိုလွှတ်ပြီး ရှိုင်းကို ထိုးသည်။ ရှိုင်းက တော့ ရှောင်ရင်း ရင်ဘတ်ကို အထိုးခံ လိုက်ရသည်။

တေဇနှင့်ပါလာသည့် သူငယ်ချင်း နှစ်ယောက်ကရှိုင်းကို ဝိုင်းချုပ်ကြသည်။

ရှိုင်းခံနေရတာ တွေ့တော့ မင်းခက နံဘေးက တုတ်ကိုကောက်ကာ တေဇ ရဲ့ သူငယ်ချင်းတွေကိုပြေးရိုက်သည်။ ထိုအခါ တေဇက
မင်းခကို တွန်းလွှတ်လိုက်ရာ မင်ခ နောက်ပြန်လဲကျသွားသည်။

အနောက်မှာ နံရံနဲ့ခေါင်းကို ရိုက်မိသွားသဖြင့်
သွေးတွေထွက်လာသည်။ အရှိန်နှင့်မို့ မင်းခ သတိမေ့သွား လေသည်။

ထိုစဉ် ဝဏ္ဏနဲ့ စည်သူတို့ရောက်လာ ကြရာ တေဇက ရှိုင်းကို လွှတ်လိုက်သည်။
မင်းခ လဲကျပြီး သွေးတွေ နဲ့ သတိမေ့နေတာတွေ့တော့ မင်းခကို ပြေးထူသည်။

"မင်းခ ....မင်းခ .... သတိမရတော့ဘူး ..."ရှိုင်းက တုန်လှုပ်လျက် မင်းခကို ပွေ့ချီလိုက်သည်။

စည်သူက မင်းခကို စိတ်ပူပြီး ပျာယာခတ်နေသော ရှိုင်းကိုကြည့်ပြီး အံ့ဩနေခဲ့သည်။

*******************************

တေဇတို့ကတော့ မင်းခကို ဝိုင်းပြီးအနိုင်ကျင့်သည့် အတွက် ကျောင်းအထုတ်ခံလိုက်ရသည်။မင်းခက ခေါင်းကွဲသွားပြီး သုံးချက်လောက် ချူပ်လိုက်ရသည်။

မင်းခ ခေါင်းမှာ ဒဏ်ရာ ရလို့ ကနာမငြိမ်ဘဲ
သည်းသည်းလှုပ် ပြုစု ခဲ့သူက လည်း ရှိုင်းပင် ဖြစ်သည်။

ရှိုင်း နံဘေးမှာ နေပြီး စာကျက်လိုက် မင်းခကို စာရေးကူလိုက် ပြုစု လိုက်နှင့် အလုပ်ရှုပ်နေသည်။

စည်သူကတော့ ရှိုင်းကို လှမ်းကြည့်ပြီး ပုခုံးလေး တွန့်ကာ မဲ့လိုက်ပြီး

နာကျင်မျက်ရည်(Only Love)(BL Story)(Completed)Where stories live. Discover now