နာကျင်မျက်ရည်(Only Love)-30

128 5 4
                                    

(Unicode)

နာကျင်မျက်ရည်(Only Love)-30

ညီမင်းခ တို့ သားအမိ စကားတွေ ပြောနေတာကို မေသူ ထိုင်ကြည့်နေပြီး မင်းခ အခန်းထဲ ဝင်တော့ သူမလည်း အနောက်က လိုက်လာခဲ့သည်။

"မေသူ...နင် ဘာလိုက်လုပ်တာလဲ...ငါ နားတော့မလို့...." ညီမင်းခက လေသံခပ်မာမာနဲ့ပြောတော့ မေသူက

" မင်းခ ...ခဏနေပါဦး... နင်ဘာတွေ ဖြစ်လာတာလဲ ငါ့ကိုသေချာပြောပြပါဦး..." သူမကလည်း ဇွတ်တရွတ် ဆန်စွာ မေးလိုက်သည်။

"ငါ...ငါ ဘာမှ မပြောချင်သေးဘူး မေသူ...
ငါနင့်ကိုတောင်းပန်ပါတယ်...နောက်တော့ငါပြောပြပါ့မယ်..."

"အေးပါ...ငါ ပြန်တော့မယ်... နင် မပြောပေမယ့် နင့်ရင်ထဲမှာ ဘယ်လောက်ခံစားနေရလဲ ဆိုတာ ငါသိတယ်နော်..."မေသူကပြောပြီး မင်းခရဲ့ အခန်းထဲကနေထွက်လာခဲ့သည်။

မင်းခ ကတော့ ကုတင်ပေါ်ကို ပစ်လှဲချပြီး အိပ်နေလိုက်သည်။

မေသူ တိုက်အောက် ကို လှေကားတစ်ထစ်ချင်း ဆင်းလာရင်း ကောင်းကင်ကြီးကိုလှမ်းကြည့်မိသည်။

ငှက်ကလေးတွေက ပျံသန်းနေကြပြီး တိမ်စိုင်တွေကလည်းမျောလွင့်လို့နေသည်။

မေသူ လှေကား တစ်နေရာ မှာ ရပ်ပြီး ကောင်းကင်ကြီးကိုမော့ကြည့်ကာ ရင်တွင်းစကားတွေ ပြောနေမိသည်။

" မင်းခရယ်... နင်အခုလို ခံစားနေရတာ မြင်ရတာ...ငါလည်း အသည်းနင့်အောင်ခံစားရပါတယ်ဟာ... တကယ်တော့ ငါနင့်ကို ချစ်နေခဲ့တာပါ... ဟိုးငယ်ငယ်လေးကတည်းက နင့်ကို သိပ်ချစ်ခဲ့တာ... ဒါပေမယ့် နင် ရှိုင်းကို စိတ်ဝင်စားနေတာမှန်းငါ ရိပ်မိတယ်... ဒါကြောင့် ငါ့နှလုံးသားရဲ့ ခံစားချက်တွေ ကို မြိုသိပ်ထားခဲ့ရတာပါ... နင် က ရှိုင်းကို အရမ်းချစ်တာ ငါသိရတော့ ငါ အရမ်းခံစားရတယ်...ဒါပေမယ့် နင်ပျော်ရွှင်နေတယ်ဆိုရင် ငါကျေနပ်တယ်... နင်ရှိုင်းနဲ့ ပျော်ရွှင်နေတာကိုတွေ့ရင် ငါ့ခံစားချက်တွေကို မြိုသိပ်ထားရတာ တန်တယ်လို့ ငါယူဆတယ်... ဒါပေမယ့်
နင်ရှိုင်းကြောင့် ခံစားနေရတာကိုတွေ့ရင် ငါနံဘေးမှာနေပြီး အမြဲ နှစ်သိမ့်ပေးချက်ခဲ့တာ...  အကယ်၍ ငါက နှစ်သိမ့်ပေးရင် နင်ရှက်သွားမှာလားလို့တွေးပြီး... ငါမသိဟန်ဆောင်နေခဲ့တာ... နင် ရှိုင်းကို ငေးကြည့်နေတိုင်းမှာ ငါလည်း နင့်ကိုငေးကြည့်နေခဲ့တာပါ... ရှိုင်းက ခင်ဝတ်မှုံ နဲ့ တွဲနေတာ နင်တွေ့လို့ ဝမ်းနည်းနေတိုင်းမှာ ငါ လေ ရှိုင်းကို တစ်ခုခု လုပ်ပစ်လိုက်ချင်တာ... ခင်ဝတ်မှုံကိုလည်း အတူတူပဲ...  ငါ နင့်နံဘေးမှာ ပဲ အမြဲနေပြီး
နင့်ခံစားချက်တွေ နားထောင်ပေးပြီး ငါ့ခံစားချက်တွေကို မြိုသိပ်ထား ဖို့ ငါဆုံးဖြတ်ချက်ချလိုက်ပါပြီ ... ငါ... ငါက...နင်ပျော်မယ်ဆိုရင် ငါ့နှလုံးသားကို ရှင်သန်ခွင့်မပေးရလည်း ကျေနပ်ပါတယ်..." မေသူ တစ်ယောက်တည်း စိတ်ထဲပြောနေခဲ့သည်။

နာကျင်မျက်ရည်(Only Love)(BL Story)(Completed)Donde viven las historias. Descúbrelo ahora