နာကျင်မျက်ရည်(only love)-5(BL)

193 12 0
                                    

(Unicode)

နာကျင်မျက်ရည် (only love)-5(BL)

ညီမင်းခ  က စည်သူတို့နဲ့ အတူ ခေါက်ဆွဲပြုတ်သောက်ပြီး အခန်းထဲ ပြန်လာတော့ အခန်း  ပေါက် ဝမှာ အထုပ်အပိုးတွေ ချထားတာတွေ့
လိုက်ရသည်။

မင်းခနဲ့ စည်သူ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ရင်း စည်သူက ပုခုံးလေးတွန့်ပြကာ

" ဘာ လဲ ဟာ့ ...ဒီကောင်က ဒီဘက်အခန်းမှာ မဟုတ်ဘူးလား ...ဒါဆို....."ဟုပြောရင်းမျက်လုံးပြူးသွားသည်။ စည်သူက မဲ့ပြီး လက်ညှိုးထိုးပြလိုက်တော့

သူ   အခန်းအဝကနေ အထဲကို အသာလေးလှမ်းကြည့်လိုက်သည်။

တစ်  ဖက်က  လည်း ရှိုင်းရဲ့ မျက်နှာက ဗျုန်း ခနဲပေါ်လာတော့ သူလန့်သွားသည်။
တစ်ယောက်နှင့်တစ်ယော က် မျက်နှာချင်းထိသွားဖို့က လည်း လက်တစ် လုံးခန့် အလိုပင်ဖြစ်သည်။

ရှိုင်းက ပြူးကြောင်ကြောင်ကလေးနှင့် သူ့ကို
"မင်းတို့က ဒီအခန်းကလား ..."ဟုမေးတော့

"ဟုတ်တယ်...မင်းကကော ဒီမှာနေမှာ လား..."ဟုပြန်မေးလိုက်သည်။

"အင်း ...ဟုတ်တယ်...ခုန က ရောက်ရောက်ချင်း
အခန်းဖော်တွေ မတွေ့လို့ ဘေးခန်းက လူတွေ နဲ့မိတ်ဖွဲ့လိုက်ရတာ....ငါ က ရှိုင်းနေမင်း ပါ....ရှိုင်းလို့ ခေါ်လို့ရတယ်..."ဟုပြုံးပြုံးလေးပြောကာ
လက်ထိုးပေးသည်။

"အော်....အင်း ...ငါက ညီမင်းခ....သူက စည်သူမောင်မောင်....."ဟု မင်းခက လည်း ပြန်ပြောပြီး လက်ဆွဲနှုတ်ဆက်လိုက်သည်။

စည်သူက တော့ မဲ့ကာ မအီတန်နှင့်

" နေရာပဲ အလယ်ပဲ ရတော့မှာနော်..."ဟု မျက်စောင်းခဲကာ ပြောလိုက်သည်။

"ရပါတယ်....ငါက ဘယ်နေရာဖြစ်ဖြစ် အဆင်ပြေပါတယ်...ဒါနဲ့  ငါတို့ မနက်ဖြန်ကျောင်းတက်ရတော့မှာမလား... ငါနေရာ ခင်းလိုက် ဦးမယ်..."ဟုပြောပြီး ရှိုင်းက အထုပ်တွေ မလျက် အထဲကိုရွေ့တော့ မင်း ခက ပါ ကူမ ပေးသည်။

ထိုအခါ စည်သူကလည်း မနေသာတော့ဘဲ ဝင်ကူပေးရသည်။ မျက်နှာကတော့ ရှုံ့မဲ့ပြီး ပွစိပွစိ နှင့်ပြောနေသည်။

နာကျင်မျက်ရည်(Only Love)(BL Story)(Completed)Donde viven las historias. Descúbrelo ahora