နာကျင်မျက်ရည်(Only Love)-32

107 5 4
                                    

(Unicode)

နာကျင်မျက်ရည်(Only Love)-32

မင်းခ အိပ်ရာကနေ လန့်နိုးလာသည်။

အရင်တစ်ခါ မက်သည့်အိပ်မက်ကိုပဲ နောက်တစ်ခါ ပြန်မက်ပြန်သည်။

သူ့‌ နောက်ကျောကို ဓါးနဲ့ထိုးသောရှိုင်းကို
ခင်ဝတ်မှုံက အတင်းဆွဲခေါ်သွားသည်။
ခင်ဝတ်မှုံဆွဲခေါ်ရာကို လိုက်သွားခဲ့‌ သော ရှိုင်းကတော့ မျက်ရည်စတွေနဲ့ သူ့ကိုငေးကြည့်သွားဆဲဖြစ်သည်။

ဘာကြောင့် ထို့အိပ်မက်ကို ပဲ နောက်တစ်ခါ ထပ်ပြီး မက်ရသနည်း။
ဘာကြောင့် လဲ မင်းခ မသိပေမယ့် အကြောင်းတစ်ခုခုတော့ ရှိနေနိုင်သည်ဟုယူဆသည်။

အတိတ်နိမိတ်ပေးတာလား သို့မဟုတ် စိတ်စွဲလို့ပဲ မက်သလား သူ နားမလည်ပေ။

သူအိပ်မက်က နိုးတော့ မနက်လင်းလို့နေပြီ။
အိပ်ရာထပြီး မျက်နှာသစ်ကာ မနက်အစော မို့ ပြေးဖို့ အားကစားဝတ်စုံ လဲလိုက်သည်။

အားကစားဝတ်စုံကို ကျကျနနဝတ်ပြီး နားကျပ်လေးတပ်ကာအိမ်တံခါးမကြီးကို ဖွင့်လိုက်တော့ မေသူ့ကို ရုတ်တရက် တွေ့လိုက်ရာ လန့်သွား လေသည်။ မေသူကတော့ အခန်းဝမှာရပ်ပြီးသူ့ကို ပြူးကြောင်ကြောင်ကလေးကြည့်နေသည်။

"အမယ်လေး လန့်လိုက်တာ မှန်ကြောင်မရယ်... နင်ကလည်းတံခါးလေးဘာလေးခေါက်လေဟာ..."

"ငါကခေါက်မလို့ဘဲ ...နင်က ဝုန်းခနဲ ဖွင့်
လိုက်ဝာာကိုး... အခုပြေးမလို့မဟုတ်လား သွားမယ်လေ..."

"ဟင်...နင် ကပြေးမယ် ဟုတ်လား...ငပျင်းမကက ထူးထူးဆန်းဆန်းပါလား...
..." မင်းခက ရွှတ်နောက်နောက်ပြောတော့

"ကောင်စုတ်...ငါ မပျင်းပါဘူး... လာစကားများမနေနဲ့..." မေသူကပြောပြီး မင်းခ ရဲ့ လက်ကို အတင်းဆွဲခေါ်သွားသည်။

နှစ်ယောက်အတူပြေးနေရင်း မေသူက မော လာသဖြင့်

" ငါ...ငါမရတော့ဘူး...လမ်း လျှောက်တော့မယ်..."ဟု ဟောဟဲစိုက်လျက်ပြောတော့
မင်းခက ပြေးတာ ကိုရပ်ပြီး အနောက်လှည့်ကာ

" နင်က ငါ့ကို လိုက်ရှုပ်တာပဲ...ခဏပဲရှိသေးတယ် လမ်းပဲလျှောက်နေတာ..." ဟုပြောလိုက်သည်။

နာကျင်မျက်ရည်(Only Love)(BL Story)(Completed)Où les histoires vivent. Découvrez maintenant