နာကျင်မျက်ရည်(Only Love)-23

105 7 4
                                    

(Unicode)

နာကျင်မျက်ရည်(Only Love)-23

ရှိုင်းလှမ်းကျွေးသည့် တုတ်ထိုးကို ကြားထဲ မှ ဝင်စားသွားသည့် ခင်ဝတ်မှုံ ၏ မဲ့ပြုံးတစ်ချက်က မင်းခကို အဆိပ်မြှား နဲ့ ပစ်ခွင့်လိုက်သလိုပင် ခံစားရစေသည်။

မြှား ချက်ကြောင့် ထိတဲ့ အချိန်မှာနာကျင်ရသလို အဆိပ်ကြောင့် တဖြည်းဖြည်းချင်း ပိုပြီးပြန့်နှံ့ကာ နာကျင်စေပြန်သည်။

မင်းခ ခပ်ယဲ့ယဲ့လေး ပြုံးလိုက်သည်။ ထို့နောက် မတ်တပ်ကောက်ထ လိုက်တော့
ရှိုင်းက

"မင်းခ ...ဘယ်သွားမလို့လဲ ..."ဟုမေးသည်။

" ဒီနား ခဏလျှောက်ပြီး ပတ်ကြည့်လိုက်အုံးမယ်...မင်းတို့ လွတ်လွတ်လပ်လပ်နေပါ ...ခဏပဲ ငါပြန်လာမယ်... " မင်းခကပြောပြီး တစ်ဖက်ကို လှည့်လိုက်သည်။

တစ်ဖက်ကို လှည့်လိုက်သည်နှင့်တစ်ပြိုင်နက် ပါးပြင်ပေါ် မျက်ရည်တစ်စ စီးကျလာသည်။

မင်းခ တစ်ယောက်တည်း လမ်းလျှောက်လာရင်း လက်ချင်းတွဲပြီး လမ်းဆလျှာက်နေကြသော ကောင်လေး စုံတွဲတစ်တွဲကိုတွေ့ လိုက်ရသည်။

တစ်ဦး ကို တစ်ဦးကြင်နာယုယပြီး အချစ်ရည်ရွှန်းလဲ့သော မျက်ဝန်းတွေ နဲ့ ကြည့်နေကြသော သူတို့က အလွန်ချစ်ဖို့ ကောင်းနေသည်။

ပတ်ဝန်းကျင်က ဖြတ်သွားသူ တွေကလည်း
သူတို့ကို ကြည့်ပြီး ပြုံးလို့သွားကြသည်။
ခေတ်ကြီးက လည်း အရင်ကလို မဟုတ်တော့သော ကြောင့် ဖြစ်ဟန်တူသည်။ လူ တွေက အချစ်ကို အချစ်လို့ပဲ နားလည်ပြီး လက်ခံနိုင်လာကြပြီ။

မင်းခ သူတို့ နှစ်ယောက် အတွက် ရင်ထဲမှာ ဝမ်းသာနေမိတာ အမှန်ပင်။ အားလည်းအားကျမိသည်။လူတစ်ယောက်က လူတစ်ယောက်ကို ချစ်ဖို့ ဘယ်လိုခွဲခြားမှု ၊ဘယ်လို
အရာကို မှ ဂရုစိုက် ဖို့ မလိုဟု မင်းခ ယုံကြည်သည်။

မင်းခက ဆိုင်တစ်ဆိုင်ရှေ့ရောက်တော့
မင်းခကြိုက်တဲ့ Coca Colaဘူးကို
တွေ့သွားသည်။ ထို့ကြောင့် ရှိုင်းအတွက်နှင့် ခင်ဝတ်မှုံ အတွက်ပါ နှစ်ဘူးဝယ်ပြီး မင်းခ ပြန်လှည့်လာခဲ့သည်။

နာကျင်မျက်ရည်(Only Love)(BL Story)(Completed)Donde viven las historias. Descúbrelo ahora