နာကျင်မျက်ရည် (Only love)-11(BL)

120 7 0
                                    

(Unicode)

နာကျင်မျက်ရည် (Only love)-11

ဆရာ စာသင်ပြီးလို့ အဆောင်ပြန်ချိန်တွင် မင်းခက ရှိုင်းကို လိုက်ရှာ သည်။

ရှိုင်းက တစ်နေရာတွင် ခင်ဝတ်မှုံနှင့်ပြုံးလျက်စကားပြောနေပြီး ခင်ဝတ်မှုံက ရှိုင်းကို လက်ပြကာ နှုတ်ဆက်သွားသည်။

ထိုမြင်ကွင်းကို မြင်ရတဲ့ မင်းခ ရဲ့ စိတ်ထဲမှာ
မနာလို မှု ဝမ်းနည်း ပူဆွေးမှုတွေနဲ့ အတူ ဒေါစိတ်တွေပါ တစ်ဆက်တည်း ဖြစိပေါ်လာခဲ့သည်။

ရှိူင်းကို ဘာဖြစ်တာလဲမေးဖို့ လာခဲ့သည့်မင်းခကို ရှိုင်းကတော့မြင်ဟန်မရ။ခင်ဝတ်မှုံ နှင့်ပြုံးရယ်ကာ စကားပြောနေခဲ့ကြသည်။

မင်းခက ထိုနေရာ မှ လှည့်ထွက်လာခဲ့သည်။ရှိုင်းကိုမေးမယ့် စကားတွေလည်းမမေးဖြစ်ခဲ့တော့ပေ။

အဆောက်ပြန်ရောက်လို့ အခန်းထဲရောက်တော့ ရှိုင်းက လည်း မင်းခကို စကားလာမပြောပေ။

ထို့ကြောင့် မင်းခက လည်း ရှိုင်းကို စကားမပြောဘဲနေလိုက်သည်။တကယ်ဆိုလျှင် မင်းခက အနစ်နာခံခဲ့တာကို ရှိုင်းကကျေဇူးမတင်သည့်အပြင် စိတ်ဆိုးနေဟန်ရသည်။

မင်းခစိတ်ထဲတွင်လည်း သူ့အပေါ်မှာ တေနာ နားမလည်ရကောင်းလားဟု တွေးပြီး စိတ်ဆိုးနေမိသည်။

ထမင်းစားတော့လည်း အတူမစားဘဲ ရှိုင်းက
တခြားသူတွေ နှင့်သွားစားသည်။

မင်းခကတော့ စည်သူတို့ ဝဏ္ဏတို့နဲ့အတူ ထမင်းစားသည်။

ဝဏ္ဏက ထမင်းစားနေရင်း

" မင်းခ ...ဟိုကောင်နဲ့ မင်း ရန်ဖြစ်ထားကြတာလား..."ဟု မေးတော့

"မဟုတ်ပါဘူး...."မင်းခက လေသံပြတ်ပြတ်ဖြင့် ပြန်‌ ဖြေသည်။

" အမြဲ တပူးပူး တတွဲတွဲနေနေတဲ့သူ တွေက စာသင်တုန်းက လည်း ဟိုကောင်က ထထွက်သွားပြီးနေရာပြောင်းသွားတယ်...အခုလည်း ထမင်းအတူလာမစားဘူး ... မင်းတို့ကြားမှာမကျေလည်တာ တစ်ခုခုတော့ရှိမှာပါ...."

"အမယ်လေး ...အဲ့တာ မင်းနဲ့ ဘာဆိုင်လည်း...ငါ့ကိုကျ စပ်စုတယ်လေးဘာလေနဲ့ သူကျ စပ်စုပြီးတော့ ..." စည်သူက ဝင် ပြောရာဝဏ္ဏက လက်သည်ဆုပ်ကိုထောင်ပြပြီး

နာကျင်မျက်ရည်(Only Love)(BL Story)(Completed)Donde viven las historias. Descúbrelo ahora