(Unicode)
နာကျင်မျက်ရည်(Only Love)-48
" ထားလိုက်ပါတော့... ဘာမှ တော့ မဟုတ်ပါဘူး... ငါ ပြန်တော့မယ်နော် နက်ဖြန် စောစော လာခဲ့မယ်... "ဟု မေသူက စကားကို တုံးတိကြီး ဖြတ်ချပြီး ထွက်သွားသည်။
စကားကို အရေးကြီးသလိုပြောနေရင်းက ဘာမှမဟုတ်တော့သလို ပြောပြီး ထွက်သွားသော မေသူ့ကိုကြည့်ကာ မင်းခ အံ့ဩမိသည်။
စိတ်ထဲ မှာလည်း အောင့်သက်သက် နှင့်
ကျန်နေရစ်ခဲ့ရသည်။"မေသူက ဘာလည်းကွာ ... " သူရေရွတ်ပြီး အခန်းထဲသို့ ဝင်လာခဲ့သည်။
အခန်းထဲရောက်တော့ မေမေ့ သေတ္တာထဲက တွေ့သည့် ဓါတ်ပုံကလေးကို ကောက်ကြည့်မိသည်။
ထို ဓါတ်ပုံ ထဲက ကလေးလေးဟာ ဘယ်သူများလဲ အလွန်သိချင်နေမိသည်။
" ဒီထဲ ကလေးလေးက ငါလား... ဒါမှမဟုတ် ဘယ်က လဲ... "ဟုရေရွတ်ရင်း မေမေသေတ္တာကို နောက်တစ်ကြိမ်ဖွင့်ကြည့်မိသည်။
သေတ္တာထဲ မှာ ပစ္စည်းတစ်စုံတစ်ရာမျှမရှိတော့ ပေ။ သို့ပေမယ့် အောက်ခံ ထားသော ပလပ်စတစ် အမဲစကြီး ကျန်နေသေးသည်။
ထိုပလပ်စတစ်စကြီးကို ဖယ်ကြည့်လိုက်တော့ အထဲမှာ ဓါတ်ပုံတွေ နှင့် စာတစ်စောင် တွေ့ရပြန်သည်။
မင်းခ မျက်လုံးတွေ ဝိုင်းသွားပြီး
"ဒီမှာလည်း ဓါတ်ပုံနှစ်ပုံ... ဒါကကော ဘယ်သူ့ပုံတွေလဲ... " ဟုရေရွတ်ရင်းကြည့်လိုက်တော့ ယခင်ပုံက အမျိုးသားနှင့် အမျိုးသမီး တို့ နှင့်အတူ မေမေ့ကို ပါတွေ့ ရသည်။
နောက်တစ်ပုံမှာ မေမေက ယခင်ပုံမှ ကလေးလေးကို ချီ ထားသည်။
နောက်တစ်ပုံက တော့ မင်းခ ကို အံ့ဩသွားစေသလို ရင်ထဲ မှာ တလှိုက်လှိုက်တက်လာ လေသည်။
ထိုဓါတ်ပုံက မေမေ နှင့် ကလေးလေး
သာမက အမျိုးသားတစ်ဦးပါ ပါနေသည်။ထိုအမျိုးသားက ငါ့အဖေများ လား ...။
မင်းခ ရေရွတ် နေကာ မျက်ရည်တွေ စီးကျလာသည်။
"မေမေက ငါ့ကို ဖေဖေ့ အကြောင်း တစ်ခါမှ မပြောခဲ့ ဖူးဘူး... ဖေဖေ့ နာမည်က
ဦးခေတ်မင်း ဆိုတာက လွဲလို့ ဓါတ်ပုံလေးတောင် မေမေ မပြခဲ့ဘူးပေ။

BẠN ĐANG ĐỌC
နာကျင်မျက်ရည်(Only Love)(BL Story)(Completed)
Lãng mạnလူတစ်ယောက်နဲ့ တစ်ယောက် ချစ်ဖို့ လိုအပ်တာ က အချစ်သည်သာ