နာကျင်မျက်ရည်(Only Love)-35

110 8 3
                                    

(Unicode)

နာကျင်မျက်ရည်(Only Love)-35

အခန်းထဲကိုရောက်တော့ ညီမင်းခ ရဲ့ ခါးကို ရှိုင်းက အနောက်ကနေဆွဲဖက်လိုက်သည်။

မင်းခ ရင်ထဲ မှာ ခံစားချက်မျိုးစုံကို ခံစားလိုက်ရသည်။ ပျော်ရွှင်သလို ဝမ်းနည်းသလို စိတ်ဆိုးသလို စသည်ဖြင့် စိတ်ခံစားမှုတွေ ရောထွေးသွားသည်။

" မင်းခ... မင်းငါ့ကို စိတ်ဆိုးနေတုန်းလား ဟင်... ငါတောင်းပန်ပါတယ်....ငါ မင်းအ‌ပေါ်မှာ မှားခဲ့တယ်... ငါ့ကို ခွင့်လွှတ်ပေးပါနော်..." ရှိုင်း မျက်ဝန်းထဲမှာ မျက်ရည်တွေ စိုစွတ်နေသလို အသံကလည်း တုန်ယင်နေသည်။

မင်းခ  ခဏတာ ငြိမ်သက်သွားပြီး မဲ့လိုက်ကာ သူ့ခါးကို ဖက်ထားသည့် ရှိုင်းရဲ့ လက်ကို ဖြုတ်ချပစ်လိုက်သည်။ ပြီးတော့ အနောက်လှည့်ကာ

" မှားသွားတယ်....ခွင့်လွှတ်ပါ ဟုတ်လား
ရှိုင်း... ငါခွင့်လွှတ်မှုကို လိုချင်တာလား ...ဒါဆို ငါ ခွင့်လွှတ်တယ်... မင်း ဘာမှ ဖြစ်မနေနဲ့ သွားလိုက်တော့..." ဟုလေသံ မာမာနဲ့ မျက်နှာကို တည် လျက်ပြောလိုက်သည်။

မင်းခက မာန်ကို တင်းထားပေမယ့် စိတ်ကတော့ အကြိမ်ကြိမ်လဲပြိုလို့နေပြီ။

" ငါ့ကို ဘာလို့နှင်တာလဲ... ငါ့ကို မင်း စိတ်နာသွားပြီလား... ငါ... ငါ မှားသွားပါတယ်
မင်းခရာ ... ငါ ... ငါမင်းကို ဘယ်လိုတောင်းပန်ရမလဲ ဒူးထောက် ရမှာလား..."
ရှိုင်းက မျက်ရည်တွေ စီးကျလျက်ပြောနေရင်း မင်းခ ရှေ့မှာ ဒူးထောက်ချလိုက်သည်။

မင်းခ အံ့ဩသွားသည်။ ရှိုင်းက သူ့ရှေ့မှာ ငိုပြီး ဒူးထောက်နေတာ သူ ဘယ်လို မှ မမြင်ရက်နိုင်တော့ ။ တင်းထားတဲ့ စိတ်တွေ ကလည်း အရည်ပျော်ကျလို့သွားလေပြီ။

မင်းခ ကမျက်ရည်တွေ စီးကျလျက်ပဲ
ရှိုင်း အရှေ့မှာ ထိုင်ချလိုက်ပြီး

" ထပါကွာ... အဲ့လို မလုပ်ပါနဲ့..." ဟုပြောတော့

" ငါ မင်းကို ဒီ့ထက်မက တောင်းပန်သင့်တာပါ...ငါ မင်းအပေါ်မှာ သိပ်ကို ရက်စက်ခဲ့မိတယ်...အဲ့ဒီနေ့က မင်း ငါ့ကြောင့် ဒဏ်ရာရပြီးဆေးရုံ ရောက်သွားတာ ငါတကယ်
မသိခဲ့ပါဘူး ... ပြီးတော့ ငါ့ကြောင့် မင်း
အကပြိုင်ပွဲ ဆက်မပြိုင် ဖြစ်တော့တာကို လည်း  ငါ လုံးဝမသိခဲ့တာပါ... ငါ... ငါ... ငါ့ကို မင်းထိုးပါ...ထိုးလိုက်စမ်းပါ... မင်းခ ရဲ့ လက်ကိုဆွဲပြီး သူ့မျက်နှာကို ထိုးသည်။

နာကျင်မျက်ရည်(Only Love)(BL Story)(Completed)Où les histoires vivent. Découvrez maintenant