နာကျင်မျက်ရည် (Only Love)-21

108 10 1
                                    

(Unicode)

နာကျင်မျက်ရည် (Only Love)-21

ရင်ထဲကနေ လှိုက်ပြီးထွက်လာသည့် ကွဲအက်အက်အသံကို တခြားသူတွေ မကြားအောင်ပါးစပ်ကို လက်နဲ့ အုပ်လိုက်သည်။

မင်းခ အရမ်းခံစားရသည်။ မျက်ရည်တွေက လည်းဝာားဆီးထားမလို့ မရပေ။ကို ချစ်နေတဲ့သူက တစ်ခြားသူ‌တစ်ယောက်ကို ချစ်ပါတယ်လို့ပြောရတာကို ကြားနိုင်စွမ်းမည်သူမှ ရှိလိမ့်မည်မဟုတ်ပေ။

မင်းခ ဒီလိုနေ့တွေ ရောက်လာမှာကိုကြိုတွေးထားခဲ့သော်လည်း တကယ် ကြုံတွေ့လာချိန်မှာ မင်းခ ခံနိုင်ရည်မရှိခဲ့ပေ။

အပြင်မှာ မိုးတွေ တဖွဲဖွဲကျလျက်ရှိသည်။မင်းခ မိုးရေထဲကိုပြေးထွက်ခဲ့ပြီး ခြေဦးတည့်ရာကိုလျှောက်လာခဲ့သည်။

မိုးရေတွေက ကောင်းကင်ထက်ကနေ အရှိန်အဟုန်ပြင်းစွာစီးကျနေ လေပြီ။

မင်းခ မိုးရေထဲမှာ လမ်းလျှောငယက်ရင်း ခေါင်းကိုမော့ကာ မျက်နှာပေါ်သို့ကျလာသည့် မိုးရေ‌တွေကို ခံစားနေမိသည်။ထိုမိုးရေများနှင့်အတူ မျက်ရည်တွေဟာ လည်း ရောပြီး စီးလို့ သွားသည်။

ရင်ဘတ်ထဲက နာကျင်စွာ နဲ့ ကျလာတဲ့ မျက်ရည်တွေဟာ နှလုံးသားရဲ့သွေးတွေ ဟုပြောလျှင်ပိုမှန်ကန်လိမ့်မည်။

မင်းခ အားအင်တွေ ယုတ်လျော့သွားသလိုခံစားရသည်။ ဒူးတွေ ညွတ်ခွေပြီး ထိုင်လျက်သား လဲကျသွားသည်။မိုးရေထဲမှာ ထိုင်ပြီး ငိုနေခဲ့တာ အချိန်အတော်ကြာကြာအထိပင်ဖြစ်‌ လေသည်။

မိုးရေတွေ ရွှဲစိုပြီး ပြန်လာသော မင်းခကို တွေ့တော့ ရှိုင်း မျက်လုံး‌တွေပြူးကျယ်ပြီး အံ့ဩနေသည်။

ထိုစဉ် မင်းခကတော့ လဲကျသွားတော့ ရှိုင်းက ဝင် ထိန်းပေးလိုက်ရသည်။

"မင်းခ....မင်းခ...သတိထားဦးလေ..."ရှိုင်းက အော်ခေါ်ပေမယ့် သတိရမလာတော့ပေ။

***********************************

မိုးမိလို့ အအေးပက်ပြီး ဖျားနေသော မင်းခ ကို ဆရာဝန်ဆေးလာထိုးပေးပြီး dripချိတ်ပေးသွားသည်။

ရှိုင်းက မင်းခ နံဘေးမှာ နေပြီး မင်းခ ရဲ့ နဖူးပေါ်က ဆံစလေးတွေကို ဖယ်ရှားပေးရင်း သက်ပြင်းချမိသည်။မျက်ဝန်းခထဲမှယ မျက်ရည် ဝစ်ချို့ ဝဲတက်လာသည်။

နာကျင်မျက်ရည်(Only Love)(BL Story)(Completed)Donde viven las historias. Descúbrelo ahora