နာကျင်မျက်ရည်(Only Love) - End

192 5 0
                                    

(Unicode)

နာကျင်မျက်ရည်(Only Love) - End

"တက်သစ်စ Modelကောင်လေးရဲ့ လိင်တူ အချစ်ဇာတ်လမ်း" ဟူသော ခေါင်းစဉ်ဖြင့်
ရှိုင်းနှင့် မင်းခတို့ရဲ့ ဓါတ်ပုံတွေဟာ ပလူပျံလို့နေခဲ့ပြီ။

ဒေါ်တင်တင်နီ ရုံးကို ရောက်တော့ တခြားသူတွေက သူမကို ပြပြီးမေးမြန်းကြရာ ဒေါ်တင်တင်နီ မျက်စိပျက်မျက်နှာပျက်နှင့်

"သားကို တမင် အပုတ်ချချင်လို့ နာမည်ဖျက်ချင်လို့တင်တာနေမှာပါ... တကယ်မဟုတ်ပါဘူး...အဲ့ကလေးနဲ့သူနဲ့ကလည်း"ဟုဖြေပြီး ရှောင်ထွက်လာခဲ့သည်။

ရင်ထဲမှာဝော့ာ ဗလောင်ဆူလို့နေခဲ့ချေပြီ။

ရှိုင်းဆီကို ချက်ချင်းဖုန်းခေါ်လိုက်သည်။

ဖုန်းမြည့်သံကိုကြားတော့ ရှိုင်းက ဖုန်းကို
ချပစ်ဖို့ကြိုးစားသည်။ မင်းခက ဝာားလိုက်ပြီး ဖုန်းကို ကိုင်ခိုင်းလိုက်သည်။

ဖုန်း Speakerဖွင့်လိုက်တော့

" သား... Facebook ပေါ်ကကိစ္စက ဘယ်လိုဖြစ်ရတာလဲ...မင်း‌ကြောင့် မာမီဘယ်လောက် တောင် မျက်နှာပျက်ရလဲသိလား... မာမီ မင်းကို အခုလို ခွင့်ပြုတယ်ဆိုတာ လူသိရှင်ကြား
မဟုတ်ဘူးနော်...ဘယ်လိုမျိုးပဲဖြစ်ဖြစ် မင်းဘက်က မဟုတ်ပါဘူးလို့ ငြင်းရမယ်ကြားလား..." ဒေါ်တင်တင်နီ က ဒေါသသံနှင့်အော်ဟစ်ကာ ပြောသည့်စကားတွေကိုကြားရသည်။

ရှိုင်းက တော့ မင်းခ စိတ်မ ကောင်းဖြစ်သွားမှာ စိုးရိမ်နေသည်။

ဒေါ်တင်တင်နီရဲ့ စကားတွေက မင်းခ ကို စိတ်မကောင်းဖြစ်စေတာ မှန်ပေမယ့် ဒေါ်တင်တင်နီ ၏စိတ်ကို မင်းခ က နားလည်ပေးသည်။

မင်းခက အားတင်းကာ ပြုံးပြီး ရှိုင်းကို သူနားလည်သည် လက်ခံလိုက်ပါဟူသော  အဓိပ္ပါယ်ဖြင့် ခေါင်းညိတ်ပြသည်။ ထိုအခါ ရှိုင်းက မင်းခကို အရမ်းသနားသွားသည်။

"ဟုတ်ကဲ့ပါ မာမီ...သား ဒီကိစ္စကို
ဖြေရှင်းလိုက်ပါ့မယ်..." ရှိုင်းက ပြန်ပြောပြီး ဖုန်းချလိုက်သည်။

ဖုန်းချပြီးတာ နဲ့ ရှိုင်းက မင်းခကို ဖက်လိုက်သည်။

"မင်းခရယ်...မင်း ဘာလို့ လက်ခံခိုင်းရဝာာလဲ
ဒီတိုင်းဆို မင်းက ငါ့ရဲ့ လူသိခံလို့မရတဲ့ ချစ်သူဖြစ်တော့မှာ လေကွာ... "

နာကျင်မျက်ရည်(Only Love)(BL Story)(Completed)Wo Geschichten leben. Entdecke jetzt