နာကျင်မျက်ရည် (Only love)- 10(BL)

127 8 0
                                    

(Unicode)

နာကျင်မျက်ရည် (only love)-10 (BL)

ရှိုင်းပြန်ပြောလိုက်သည့်စကားက မင်းခ ရဲ့ ရင်ထဲကို စိုးထိတ်မှုများစွာ ဖြစ်သွားစေသည်။ရင်ထဲမှာဖြစ်နေတာတွေကို မပြုံးကလေးနဲ့ ဖုံးဖိကာ

"ရှိုင်း...မင်းက လည်းကွာ ဘာဆိုင်လို့လည်း ...ထားလိုက်ပါ...အဖက်လုပ်မနေနဲ့ ကိုယ့်ဖာသာပဲနေလိုက်ပေါ့... "ဟု ပြောတော့

" အဟက်..."ရှိုင်းကရယ်လိုက်ပြီး

" ငါ့စိတ်ထဲ အခုတစ်လော ခင်ဝတ်မှူံကို ရင်ခုန်လာသလိုတော့ ရှိသားကွ...ငါ လိုက်လိုက်ရင်ကောင်းမလားမသိဘူး ..." ဟုပြောလေသည်။

"ဟင့်အင်း...ဟင့်အင်း ...မင်းသူ့ကို ရင်ခုန်လို့မရဘူး ကြိုက်လို့မဖြစ်ဘူး..."မင်းခက ခေါင်းကိုတွင်တွင်ခါပြီး
ရှိုင်းကိုစိတ်ထဲမှပြောနေမိသည်။

မျက်ဝန်း ထဲမှာလည်း မျက်ရည်တွေ ဝဲတက်လာကာ

" မကောင်းပါဘူး ကွာ..."ဟုပြောလိုက်သည်။မျက်ဝန်းထဲက မျက်ရည်တွေကို လည်း ရှိုင်းမမြင်အောင် ထိန်းထား လိုက်ရသည်။

"ဘာဖြစ်လို့လဲ မင်းခ ...." ရှိုင်းက မင်းခ ကိုစိုက်ကြည့်ပြီး မေးသည်။

မင်းခက ရှိုင်းနှင့် မျက်လုံးချင်းမဆုံအောင်ရှောင်လိုက်ပြီး

"ငါတို့တွေ က ငယ်သေးတယ် လေကွာ... State တောင်မတက်ရသေးဘူးမလား ..."ဟုပြောသည်။

"အေး....ဒါလည်း ဟုတ် တာပဲ... တော်ပါပြီ ..."ဟုပြောပြီး ရှိုင်းက မျက်လုံးများမှိတ်သွားသည်။

မင်းခက တော့ရှိုင်းကျု မဝင့်မရဲ ခိုးကြည့်ပြီး

" ရင်ခုန်ရင် ချစ် တယ်လို့ခေါ်တာလား...ဒါဆိုငါမင်းကို ချစ်နေမိပြီလားမသိဘူး ရှိုင်း..." မျက်ဝန်းထဲကနေပြောလိုက်မိသည်။

**************************************

နောက်တစ်နေ့ရောက်တော့ မင်းခက စည် သူတို့ နှင့်အတူ ထမင်းစားနေရင်း ရှိုင်းက

" စည်သူ... ထမင်းစားပြီးရင် ငါ့ကို‌ အနာဆေးထည့်ပေးပါလား ..."ဟုမေးလိုက်သည်။

မင်းခက မျက်နှာပျက်သွားပြီး သူတစ်ယောက်လုံးရှိပါလျက်သူ့ကို မပြောဘဲ စည်သူ့ကိုပြော တာမို့ ဒေါသ ထွက်မိသွားသည်။

နာကျင်မျက်ရည်(Only Love)(BL Story)(Completed)Où les histoires vivent. Découvrez maintenant