(Unicode)
နာကျင်မျက်ရည်(Only Love)-38
အခန်းငယ်လေးထဲမှာ ညီမင်းခ တစ်ယောက်တည်း ငိုကြွေးနေသည်။
ရင်ထဲ မှာလည်း ဆို့နင့်ကြေကွဲနေပြီး နာကျင် လျက်ရှိသည်။ ဒူးဒေါင်းနှစ်ဖက်ကို ပိုက်ပြီး ထိုင် ကာ ငိုနေရင်း
"ရှိုင်း... ငါတို့ နှစ်ယောက် တကယ်ပဲဝေးရတော့မယ် ထင်ပါတယ်... ငါလေ ... ဘယ်လောက်ပဲ ခံနိုင်ရည်ရှိအောင် ကြိုးစားပါစေ တကယ့် တကယ်တော့ ငါ မခံစားနိုင်ဘူး...၊ ဖြစ်နိုင်ရင် ငါ... ငါ ဒီလောကကြီးထဲ ကနေ အပြီး ထွက်သွားလိုက်ချင်တယ်ကွာ..."ဟု ရေရွတ်နေမိသည်။
မင်းခ ငိုနေတုန်း ဖုန်း Ringtone သံကိုကြားလိုက်ရသည်။
သူ့စိတ်ထဲ မှာ တွေးမိလိုက်တာ က ရှိုင်းသူ့ကို ဖုန်းဆက်သည် ဟုပင်။
သို့ပေမယ့် ဖုန်းကိုင် လိုက်တော့ မေသူ့ ဆီက ဖြစ်လေသည်။ မေသူမရိပ်မိအောင် မျက်ရည်တွေသုတ်ပြီး ပုံမှန်အနေအထားနေကာ
"ဟဲလို...မေသူ ဘာဖြစ်လို့လဲ..." ဟုပြောလိုက်တော့
"မင်းခ.... နင်အခုငိုနေတာလား..."ဟု မေသူက မေးလေသည်။
" မဟုတ်ပါဘူး... ငါ ဘာလို့ ငိုရမှာလဲ..."
" နင် မလိမ်ပါနဲ့... အခု အချိန်မှာ နင် ဘယ် လောက်ထိ ခံစားနေရလဲ ငါ သိတယ်... ဒါပေမယ့် နင်ထပ်ပြီး မငိုပါနဲ့ တော့နော် ... နင် ငိုခဲ့ ရတာလည်း များနေပါပြီ..."
"ငါ... ငါ့စိတ်တွေ ထိန်းထားလို့ မရတော့ဘူးမေသူ... ငါ အရမ်းပင်ပန်းနေပြီ... ငါ အဝေးဆုံးကို ဘယ်သူမှ မသိအောင်တစ်ယောက်တည်း ထွက်သွားလိုက်ချင်တယ်..." မင်းခ စိတ်မထိန်းနိုင်တော့ဘဲ ပြောနေရင်း ငို ချလိုက်သည်။
"အဲ့ လို အတွေးတွေ မတွေးပါနဲ့ မင်းခရယ်...
နင့်မှာ အန်တီ လေး ရှိသေးတယ်လေ.. . ပြီးတော့ နင့် ဘဝမှာ လုပ်စရာတွေ အများကြီးရှိသေးတယ်...၊မင်းခ... နင်အားတင်းထားပါအုံးနော်... ငါ နင့်အတွက် ပျော်ရွှင်စရာတွေ ဖန်တီးပေးမှာပါ...နင်ခဏလောက်စောင့်ပါ..."
မေသူက ပြောတော့"ကျေးဇူးအများကြီးတင်ပါတယ် မေသူရယ်...ငါ့အတွက် နင်က တကယ့်သူငယ်ချင်းကောင်းတစ်ယောက်ပါပဲ... ငါ့ဘက်မှာ အခုလို နင်ရှိနေလို့ ငါရပ်တည်နေနိုင်တာပါ..."
မင်းခက ပြန်ပြောသည်။
![](https://img.wattpad.com/cover/234507028-288-k712285.jpg)
BẠN ĐANG ĐỌC
နာကျင်မျက်ရည်(Only Love)(BL Story)(Completed)
Lãng mạnလူတစ်ယောက်နဲ့ တစ်ယောက် ချစ်ဖို့ လိုအပ်တာ က အချစ်သည်သာ