နာကျင်မျက်ရည်(Only Love)-52

106 5 7
                                    

(Unicode)

နာကျင်မျက်ရည်(Only Love)-52

"ဘာဆိုင်လဲသမီး..." သူမအဖေက မေးသည်။

"ဆိုင်တယ် ဒယ်ဒီ... အဲ့ဒီ ညီမင်းခ ရဲ့ သူငယ်ချင်း မေသူက ဖေဖေ့ အကြောင်းတွေ အကုန်သိထားတာ... "

"ဟေ... ဟုတ်လား... သူက ဘယ်လိုဖြစ်လို့ သိနေရတာလဲ..."

"သူက မင်းခအ‌မေရဲ့ ဒိုင်ယာရီကို ဖတ်တာရယ် သမီးနဲ့ ဒယ်ဒီ ဖုန်းပြောနေတာကို ကြားတာရယ်ကြောင့်..." ခင်ဝတ်မှုံက ပြန်ပြောလိုက်သည်။

" ဟုတ်လား...ဒါဆိုလည်း အဆင်ပြေတာပေါ့..."

"ဒယ်ဒီ ... သမီးနောက်မှ ပြန်ဆက်တော့မယ်နော်.... အခု ရှိုင်းတို့ တိုက်ကို ရောက်ပြီမလို့..." ဟုပြောပြီး ဖုန်းချလိုက်သည်။

ခင်ဝတ်မှုံက တိုက်ပေါ်ကို တက်လာတော့
မေသူ အသတ်ခံရသည့် သတင်းက လူတိုင်းလိုလို ပြောနေတာကို ကြားရသည် ။

သူမက တော့ ဘာမှ မဖြစ်သလိုဘဲ
ဒေါ်တင်တင်နီ တို့ အခန်းကိုရောက်တော့
လူခေါ်ခေါင်းလောင်းကို နှိပ်လိုက်သည်။
တံခါးက ပွင့်လာပြီး

" ဟင်... သမီး ပါလား...မိုးတောင် ချုပ်နေပြီကွယ်...လာလာ..." ဟု ဒေါ်တင်တင်နီက ဆီးကြိုသည် ။

"အခြေအနေသိချင်လို့ပါ အန်တီ... ဘယ်လိုလဲ ဟိုကောင့်ကို သေချာပြောခဲ့ရဲ့လား...." ခင်ဝတ်မှုံက မေးလိုက်တော့

"ပြောခဲ့တယ် သမီး... ဒီကောင့်ကို အကျပ်ရိုက်အောင် အန်တီ သေချာပြောခဲ့ပါတယ်...ဒါနဲ့ သမီးကိုပြောပြရဦးမယ်... သမီး သူငယ်ချင်း မေသူကျော် အသတ်ခံရတာတဲ့... အခု တိုက်မှာ လည်း အကုန်လုံး
ပွက်လော ရိုက်နေကြတာ..."ဟု
ဒေါ်တင်တင်နီကပြောသည်။

" ဟုတ်လား အန်တီ... စိတ်မကောင်းလိုက်တာ... အခု သူ့ အိမ်က ဘယ်မှာလဲ...
သမီးသွား ဦးမှပါ..." ခင်ဝတ်မှုံ သူမ ဘာမှ
မသိသလို ပုံစံဖြင့်ပြောတော့

" သူ့အလောင်းကဆေးရုံ မှာ တဲ့...သူ့ အိမ်ကို သွာစလို့လည်း ထူးမှာမဟုတ်ဘူး ...ညလည်း မိုးချုပ်နေပြီ မနက်ဖြန်မှ ဆေးရုံကို သွားကြတာပေါ့..."ဟု ဒေါ်တင်တင်နီကပြန်ပြောသည်။

နာကျင်မျက်ရည်(Only Love)(BL Story)(Completed)Where stories live. Discover now