နာကျင်မျက်ရည်(Only Love)-49
ဒေါ်တင်တင်နီက ချက်ချင်းသွားမည် ဟန်ပြုတော့ ခင်ဝတ်မှုံက ကပျာကယာဖြင့်
" အန်တီ....ချက်ချင်းကြီးမသွားပါနဲ့ ... အခုသွားရင် ရှိုင်းလည်း ရှိနေမှာလေ... မင်းခကို
စိတ်ရှိတိုင်းပြောဖို့ ဆိုတာ ရှိုင်းရှိနေလို့မဖြစ်ဘူးလေ...ရှိုင်းကို နားဝင်အောင်တဖြည်းဖြည်းချင်း ပြောယူမှ ဖြစ်မှာလေ..." ဟုပြောလိုက်သည်။ထိုအခါ မှ ဒေါ်တင်တင်နီက ပြန်ထိုင်လိုက်ပြီး
" ငါ့သမီးလေး ပြောတာလည်း ဟုတ်သားပဲ...
ဒါပေမယ့် သားက အဲ့ဒီမှာ မရှိတဲ့ အချိန်ကို အန်တီက ဘယ်လိုလုပ်သိမှာလဲ..." ဟုမေးတော့" ရှိုင်းကို သမီး ပါ့ထုတ်ပေးပါ့မယ်... အန်တီ မနက်ဖြန်မနက်ကျရင် သမီး ဖုန်းလှမ်းဆက်လိုက်မယ်... ပြီးတော့ သမီး ကားလွှတ်ပေးမယ်လေ...အဲ့ဒီအခါ အန်တီသွားလို့ရပြီ..." ဟုပြောပြီး မဲ့ပြုံးကလေးပြုံးလိုက်လေသည်။
ဒေါ်တင်တင်နီက တော့ ပြုံးရွှင်လျက်
ခင်ဝတ်မှုံကိုကြည့်ကာ ခေါင်းတငြိမ့်ငြိမ့်
လုပ်နေခဲ့သည်။ခင်ဝတ်မှုံက ဒေါ်တင်တင်နီ နဲ့ စကားပြောပြီးတော့ တိုက်အောက်ကို ပြန်ဆင်းလာသည်။
ထိုအခါ လှေကားကနေ အပေါ်တက်သော
မေသူ့ကို တွေ့ရသည်။မေသူ့ကိုတွေ့တော့ သူမက မဲ့ကာ ရွဲ့ကာဖြင့် မသိဟန်ဆောင်ပြီး ဆင်းလာသည်။
မေသူက လည်း ခင်ဝတ်မှုံကို တွေ့တော့
မသိဟန်ဆောင်ကာ ဆက်သွားမည်
လုပ်လိုက်ပေမယ့် မဲ့ရွဲ့သွားဝာညကို မြင်ပြီး အူယားလာသည်။ဒေါသတွေ တနုံ့နုံ့ ထွက်လာပြီး
" ခင်ဝတ်မှုံ... အန်တီလေး ဆုံးတဲ့ နေ့က နင်နဲ့ ငါ ဒီနားမှာ တွေ့ခဲ့ကြတာနော်... နင်မှတ်မိ သေးလား..." ဟုလှမ်းပြောလိုက်သည်။
ခင်ဝတ်မှုံ ခြေလှမ်းတွေ တုံ့ဆိုင်းပြီး မျက်လုံးတွေ ပြူးကျယ်ကာ စိတ်တွေယောက်ယက်ခတ်လို့သွားလေသည်။
နောက်ကို မဝံ့မရဲလှည့်ကြည့်ပြီး
" ဘာ...ကိုပြောတာလဲ...ငါမမှတ်မိဘူး..."
ဟုပြောပြီး ဆက်လျှောက်မည်လုပ်တော့
ESTÁS LEYENDO
နာကျင်မျက်ရည်(Only Love)(BL Story)(Completed)
Romanceလူတစ်ယောက်နဲ့ တစ်ယောက် ချစ်ဖို့ လိုအပ်တာ က အချစ်သည်သာ