နာကျင်မျက်ရည်(only love)-2(BL)

409 26 2
                                    

(Unicode)

နာကျင်မျက်ရည် -2 (only love)(BL)

ရှိုင်းနှင့် မျက်လုံးချင်းဆုံသွားတော့ မင်းခ ဘာလုပ်ရမှန်းမသိဖြစ်‌ နေသည်။ ပုန်းပဲ ပုန်းရမလို
လှမ်းပဲနှုတ်ဆက်ရမလို ဖြစ်သွားပြီး သူပြုံးပြလိုက်သည်။

ရှိုင်းက လည်းပြန်ပြုံးပြကာ လက်လှမ်းပြပြီး

"ငါ အဝတ်အစားလဲပြီး လာခဲ့မယ် ..."ဟုအော်ပြောသည်။ ထိုအခါ သူက ခေါင်းငြိမ့်ပြပြီး နံရံ ကို ကွယ်ဝင်လိုက်သည်။ ရင်ထဲမှာ လည်း တဒိတ်ဒိတ်နှင့် ရှက်သလို လို ခံစားရသည်။

နံရံမှ ပြတင်းပေါက် ကနေ အသာလေး ချောင်းကြည့်တော့ ရှိုင်းက မရှိတော့ပေ။

" ငါ ...ငါ ဘာတွေ ဖြစ်နေတာလဲ ...." သူက သူ့ခေါင်းကို သူ ထုပြီး ပြောလိုက်သည်။
ပြီးတော့ ဓါတ်ပုံကလေးကို လှမ်းကြည့်ပြီး ပြုံးလိုက်သည်။

" ငါ့ အတွက် မင်းရဲ့ အကြည့်လေး တစ်ချက်နဲ့တင် နေပျော်ပါပြီ ရှိုင်းရယ် ...."သူ ပါးစပ်ကနေ ရေရွတ် လိုက်မိသည်။

***************************************

" သားရေ....ရှိုင်းရောက် နေတယ် ....လာ လာ ...သား...အန်တီတို့က ထမင်းစားမလို့ အတော်ပဲ အန်တီ တို့နဲ့ တစ်ခါတည်းစားသွား...." အမေရဲ့ စကားသံကို သူကြားလိုက်ရသည်။

သူ ဒိုင်ယာရီစာအုပ်ကလေးကို ပိတ်ပြီး အပြင် ထွက်ဖို့ အခန်းစည်း လိုက်ကာကို ဖွင့်လိုက်သည်။

ရှိုင်းက လည်း သူ့အခန်းထဲ ဝင်လိုက်တော့
ဗျုန်းခနဲ မျက်နှာကို တစ်ဦး နှင့်တစ်ဦး တွေ့လိုက်ရသည်။မျက်နှာ နှစ်ခု ဟာ အလွန်နီးကပ်သွားပြီး နမ်းမိ တော့မလိုတောင်ဖြစ်သွားသည်။

မင်းခ က မျက်လုံးအပြူးသား နှင့် ကြောင်အ ပြီး ငေးကြည့်နေသည်။ ရင်ထမှာ လည်း တဒိတ်ဒိတ်နှင့်ရထားတစ်စင်း ခုတ်သွားသလို ပင် ခံစားနေရပြီး ရှိုင်း ၏ အညိုရောင်မျက်ဝန်းတစ်စုံ က သူ့ကို ငြှို့ယူ နေသလိုပင်။

" ဟေ့ဟောင် ...မင်းခ ...." ရှိုင်းက သူ့ပုခုံးကနု လှုပ်လိုက်တော့မှ သူ အသိဝင်လာသည်။

" အော် အေး ...." မင်းခ က ရယ်ကျဲကျဲ နှင့် ရှက်သွားပြီး ခေါင်းကုတ်လျက်

နာကျင်မျက်ရည်(Only Love)(BL Story)(Completed)Où les histoires vivent. Découvrez maintenant