နာကျင်မျက်ရည် (Only Love)-17
ညီမင်းခ ရဲ့ အဖြေကို စောင့်ဆိုင်းနေသည့်
အမေ့မျက်ဝန်းတွေက တုန်ယင်နေသည်။
ရင်ထဲမှာလည်း တလှပ်လှပ် နှင့် ပင်။အဖြေပြန်ပေးရမည့် ညီမင်းခ အဖို့လည်း တုန်လှုပ်နေဆဲဖြစ်သည်။ သူ ဝန်ခံလိုက်လျှင်
အမေက ကန့်ကွက်တော့မှာလား ဒါမှမဟုတ်အမေကလက်ခံမှာလား ၊သူ့ကိုပဲ စိတ်ပျက်သွားလေတော့မလား ကြောက်ရွံ့နေမိသည်။" သား မ ဖြေတက်ဘူး မေမေ...သားဘဝမှာ
ပထမဆုံး အချစ်ကို စပြီး ခံစားမိခဲ့တာကတော့ ရှိုင်း နဲ့ပဲမေမေ...သားဝန်ခံပါတယ်...သား ယောက်ျားလေးတစ်ယောက်ဖြစ်လျှင် ယောက်ျားလေးတစ်ယောက်ကိုပဲ ချစ်နေမိတယ်..."ညီမင်းခ ခေါင်းကလေးငုံ့လျက် ပြောလိုက်သည်။ဖြေဖျား လက်ဖျားတွေ အေးစက်ကာ တုန်ယင်နေပြီး လက်နှစ်ဖက်ကို ပွတ်ချေနေမိသည်။ အမေ့ ရဲ့ တုံ့ပြန်မှုကို သူရင်မဈိုင်ရဲသောကြောင့်ခေါင်းကိုငုံ့ထားခြင်းဖြစ်သည်။
ထိုစဉ် သူရဲ့ အေးစက်နေသော လက်တစ်စုံကို ပူနွေးသောလက်တစ်စုံ က လာ ကိုင်ဝာာကို ခံစားလိုက်ရသည်။ ထို့ကြောင့် မဝံ့မရဲ မျက်လုံးများဖြင့်မော့ကြည့် လိုက်သည်။
" သား....မင်းခ ...သားလေးရယ်ခေါင်းကိုမော့ထားလိုက်ပါ...ခေါင်းငုံ့တယ်ဆိုတာ အပြစ်လုပ်ထားတဲ့သူမှ လုပ်ရတာလေ...သားက အပြစ်လုပ်ထားဝာာမှ မလိုတာ..." အမေ့က အားမာန်အပြည့်ရှိသော အပြုံးလေးနှင့် မင်းခကိုပြောသည်။
" မေမေ...သားကို စိတ်မဆိုးဘူးလားဟင်...သားလို သားတစ်ယောက်ကို ရထားလို့ စိတ်မပျက်မိဘူးလား..." မင်းခ ကမေးတော့
"ဟင့်အင်း ...မေမေကသားကို ဘယ်ဘယ်တော့မှစိတ်မပျက်ဘူး...သားကို မေမေနားလည်ပေးနိုင်ပါတယ်... ပြီးတော့ လူဝစ်ယောက်က လူတစ်ယောက်ကို ချစ်မိဝာာ အပြစ်မှ မဟုတ်တာလေကွယ်....ဒါပေမယ့် မေမေ တစ်ခုတော့ စိုးရိမ်တယ်သား...."
"ဘာကိုလဲ မေမေ..."
"သားကို မောင်လေးလို အဖြစ်မျိုးမေမေ ဘယ်တော့မှ အဖြစ်မခံနိုင်ဘူး...ပြီးတော့ လောကကြီးက သိပ်ကို ရှုပ်ထွေးပြီး သိပ်ကို မာယာများတယ်...သားရင်ဆိုင်ရမယ့် ပတ်ဝန်းကျင် ဆိုတဲ့အရာက လည်း အတော်လေး ခက်ခဲမှာ...သား ရင်မဆိုင်နိုင်မှာ မေမေစိုးရိမ်တယ်..." မေမေက မင်းခရဲ့ နှာဖူးပေါ်မှ ဆံပင်တွေကို သပ်တင်ပေးပြီးပြောလိုက်သည်။
![](https://img.wattpad.com/cover/234507028-288-k712285.jpg)
VOCÊ ESTÁ LENDO
နာကျင်မျက်ရည်(Only Love)(BL Story)(Completed)
Romanceလူတစ်ယောက်နဲ့ တစ်ယောက် ချစ်ဖို့ လိုအပ်တာ က အချစ်သည်သာ