နာကျင်မျက်ရည်(only love)-8(BL)

150 9 0
                                    

(Unicode)

နာကျင်မျက်ရည် (only love)-8(BL)

ရှိုင်းက ပြုံးပြုံးလေး ပဲ
" မရှိဘူး...လို့ပြောရမှာပဲ"ဟု
ပေါ့ပေါ့ပါးပါးပြန်ဖြေတော့  မင်းခ ရင်ထဲ  ဘဝင်မကျ ဖြစ်မိသွားသည်။

ဘာလို့ သူ့စိတ်ထဲမှာ ဘဝင်မကျဖြစ် သွားရ သလဲ ဆိုတာ မင်းခ မစဉ်းစား တက်ခဲ့ပေ။

***********************************

အတိတ်အကြောင်းတွေတွေးနေမိတာကို  လက်စ သတ်ပြီး မင်းခအလုပ်တွေ ဆက်လုပ်ဖို့ပြင်လိုက်သည်။

ကုတင်ပေါ်မှာ လှဲလျောင်းနေရင်း နဖူးပေါ်လက်တင်ကာ သက်ပြင်း ငွေ့ငွေ့လေး ချ မိသည်။

" အချစ်ဆိုတာ ဘာလဲ တော့ ငါသေချာမသိဘူး
ဒါပေမယ့်သေချာတာ တစ်ခုက မင်းကို ငါချစ်မိနေပြီထင်တယ် ရှိုင်းရယ် ..."

နောက်တစ်နေ့ရောက်တော့

" သား ....မင်း ဘယ်သွားမလို့လဲ ..." မေမေက မေးတော့ မင်းခ က

" မေသူတို့ ရှိုင်းတို့နဲ့အတူတူ ဘော်ဒါဘက် သွားမလို့မေမေ ...အဲ့တာမေမေ့ကို ခွင့်လာဝောာင်းတာ ..."

" အေးပါ သားရယ်... ဘယ်ချိန်လောက်ပြန်ရောက်မှာ လဲ မေမေက ရုံးသွားရမှာဆိုတော့ ထုံးစံအတိုင်း သော့ကိုပန်းအိုး   အောက်မှာ ထားခဲ့မယ်နော်..."

" ဟုတ်ကဲ့မေမေ ... နေ့လည်စာစားချိန်လောက်တော့ ပြန်ရောက်မှာပါ အပြင်မှာ လည်းစားရင်စားဖြစ်မှာ....သားသွားတော့မယ်..." မင်းခက နှုတ်ဆက်ပြီးထွက်လာခဲ့သည်။

မေမေက တော့ ရုံးသွားဖို့ပြင်ဆင်ရင်း ကျန်နေရစ်သည်။

မင်းခ လှေကား ကနေတစ်ထစ်ချင်း ဆင်းလာရင်း မေသူက လှေကားရင်းမှာစောင့်နေသည်။

မေသူကတော့ ထုံးစံအတိုင်း ပေါ့‌ပေါ့ပါးပါး
တီရှပ် ကလေးနဲ့ ဂျင်းဘောင်းဘီရှည်ကလေးဝတ်ပြီး သွက်လက်နေသည်။ သို့သော် ကိုင်းက ခပ်ကြီးကြီး မျက်မှန်ဝိုင်းကြီးကို တပ်ထားတော့ အဘွားအိုပေါက်စလေးက လူငယ်ဆန်ဆန်ဝတ်စားထားတာနဲ့ တူ  လို့နေသည်။

"အဟိ..." မင်းခက မေသူ့ ကိုကြည့်ပြီးပြုံးလိုက်မိသည်။

"ဟဲ့ သေနာကောင် ...နင်က ဘာရယ်နေတာလဲ ..
ဟွန့်....ပြောကိုမပြောချင်ဘူး ...မိန်းကလေး ဖြစ်တဲ့ငါက စောင့်နေရတယ် ...ဟိုကောင်ရှိုင်းလည်း
ခုချိန်ထိ ကိုမလာနိုင်ဘူး "

နာကျင်မျက်ရည်(Only Love)(BL Story)(Completed)Where stories live. Discover now