နာကျင်မျက်ရည်(Only Love)-44

112 6 2
                                    

(Unicode)

နာကျင်မျက်ရည်(Only Love)-44

" မေသူ... ဘယ်လို ဖြစ်ရတာလဲ..." ခင်ဝတ်မှုံက အမှန်တကယ်ပင် စိတ်မကောင်းဖြစ်နေသလိုနှင့် မေသူလက်ကို ကိုင်ကာ မေးသည်။

သူမ ပဲ တကယ်ကို ဘာမှ မသိသလို ဟန်ဆောင်နိုင်သော သူမဟာ အကယ်ဒမီရ မင်းသမီးတွေတောင် ရှုံး သွားနိုင်လောက်သည်။

သူမ ရဲ့ လုပ်ရပ်တွေကို လူတွေ ကမသိမမြင် ကြ၍သာ ဖြစ်သည်။ သူမျက်နှာပြောင်တိုက်တာကို ဒေါ်မြတ်လေးခင်သာ မြင်ရလျှင် ဘယ်လောက်တောင် စိတ်ဆိုး ဒေါ‌သထွက်လေမလဲ မသိ။

" အမောဖောက် တာ... ဆေးကို အချိန်မှီ
မရလိုက်လို့ လည်းဖြစ်လိမ့်မယ်... ငါ...ငါ အချိန်မှီ ရောက်မလာလို့ပါ... ငါ့အမှားတွေ ပါ..." မေသူကပြောရင်းငိုလေသည်။

ထိုအခါ ‌ခင်ဝတ်မှုံက ဖက်လိုက်ပြီး

" မငိုပါနဲ့မေသူရယ်... နင့်အမှားမဟုတ်ပါဘူး...ဖြစ်ကံပါလို့ပါ...." ဟု အားပေးစကားပြောသည်။ စိတ်ထဲကတော့

"မေသူရယ်...ဘာပဲဖြစ်ဖြစ်အခုတော့ နင်က တရားခံဖြစ်သွားတာပေါ့ဟယ်...."ဟုပြောနေလေသည်။

အနောက်မှ လူကြီးတွေ တချို့ပြောနေသည့်စကားသံကို ရှိုင်းကြားရသည်။

" မင်းခလေး သနားပါတယ်... ၊ မြတ်လေးက အခုလို ရုတ်တရက်ဆုံးသွားတော့ သူ့ဘဝကို ဘယ်လို ရှင်သန်ရပ်တည်မှာလဲ..."

"ဟုတ်သားပဲ... တိုက်ခန်းကလည်းပြန်အပ်ရတော့မယ်... အခုမှ ဘွဲ့ရကာစ ကောင်လေးက အလုပ်လည်း ရှာရတော့မှာ..."

"တွေးကြည့်ရင် တစ်ကောင်ကြွက် ဘဝနဲ့‌လောကကြီးမှာ ရှင်သန်ရပ်တည် ဖို့ ရင်မော စရာကြီးပါအေ..." အချင်းချင်းတီးတိုးပြောနေကြသည်။

ထိုသူတို့၏စကားကြောင့် ရှိုင်း ပိုပြီးရင်မော လာသည်။ လူကြီးတွေပြောနေကြသည့် စကားတွေကလည်း တကယ် အမှန်ဖြစ်လို့နေသည်။

ဒီ အတိုင်းသာဆို သူနှင့်မင်းခ တို့ဟာလည်းသိပ်မကြာခင်မှာ ဝေးကြရတော့မည်။

***********************************

ဒေါ်မြတ်လေးခင် ၏ နာရေးဟာ တိုက်ကလူတွေရဲ့ ကူညီ မှုကြောင့်ကောင်းကောင်းမွန်မွန် လေးပြီးဆုံးသွားခဲ့သည်။

နာကျင်မျက်ရည်(Only Love)(BL Story)(Completed)Donde viven las historias. Descúbrelo ahora