နာကျင်မျက်ရည်(Only Love)-34

107 9 4
                                    

နာကျင်မျက်ရည်(Only Love)-34

မေသူပြောလိုက်သော စကားက မင်းခ ကို အံ့ဩစေသလို ဝမ်းနည်းသွားစေသည်။

" ငါက...နင့်ကို ဘာလို့ အသုံးချရမှာလဲ..."

" နင် ရှိုင်းကို ချစ်တယ်ဆိုရင် အမြဲပဲပေးဆပ်နေရုံ နဲ့မရဘူး....သူ့ကိုလည်း နည်းနည်းပါးပါးတော့ပြန်နာကျင်အောင် လုပ်မှ ရမယ်... "

"ငါက သူ့ကို ဘယ်လို လုပ်ရမှာလဲ..."

" နင်နဲ့ ငါနဲ့ ချစ်သူတွေလို ဟန်ဆောင်ကြရမယ်... ဒါမှ သူ့ရဲ့ အချစ်တွေက ပွင့်အန်ကျလာမှာလေ... ၊အဲ့ဒီလို မဖြစ်ခင် နင် စိတ်ကိုထိန်းနိုင်ဖို့ လိုတယ်နော်...၊ စောနက နင့်ကို ငါ ဘာလို့ နမ်းလဲ နင်သိလား ..."

"ဟင့်အင်း...မသိဘူး...ဘာဖြစ်လို့လဲ..."

" ငါတို့ နှစ်ယောက် ဖက်နေတာကို ရှိုင်းတွေ့သွားတယ်...အဲ့တာကြောင့် သူ့ကိုပိုပြီး ခံစားရအောင် ပါးပါးလေး ပညာပေးလိုက်တာ..."

"ဟင်... ရှိုင်းက ဘယ်လိုလုပ်ပြီးရောက်လာတာလဲ..."

" မင်းခ... နင် အဲ့ဒီစိတ်တွေကို ထိန်းချုပ်ထားလိုက်စမ်းပါဟာ...ငါ အခုပြောတာ နင်နဲ့ ရှိုင်းတို့ အဆင်ပြေဖို့ အတွက်နော်... တစ်ခါတစ်ရံမှာ အချစ်ဆိုတာက ပေးဆပ်ပါများရင် လက်ခံတဲ့သူက တန်ဖိုးမဲ့ တယ်လို့ သတ်မှတ်ခံရတက်တယ်... ဒါ့ကြောင့် နင်ဘက်က တန်ဖိုးရှိအောင်နေလိုက်ရင် နင့်တန်ဖိုးကို သူသိလာလိမ့်မယ်..." မေသူက မျက်ရည်စ တစ်ချို့ ရှိနေသည့် မျက်ဝန်းတစ်စုံ နှင့်ငေးမောကာပြောသည်။

မေသူပြောသော စကားတွေကြောင့် မင်းခ တွေဝေသွားသည်။ မေသူပြောတဲ့ စကားတွေကလည်း တကယ်မှန်နေသည်။

သူက ရှိုင်းအပေါ်မှာ ပေးဆပ်လွန်း ပြီး တကယ်ပဲ တန်ဖိုးမဲ့ နေသလို ဖြစ်နေခဲ့သည်။
သူက ရှိုင်းကြောင့် နာကျင် ခဲ့ရဝာာလည်း များလွန်းလှပြီ။ သူ ခံစားခဲ့ရတာတွေကိုပြန်စဉ်းစားရင်း နာကျင်မှုတွေကို ပြန်တွေးမိသလို ခံပြင်းစိတ်တွေပါ ဖြစ်လာသည်။

" ဟုတ်တယ်မေသူ...ငါ နင်ပြောတဲ့ အတိုင်းလုပ်မယ်...ဒါပေမယ့် ငါ နင့်ကို အသုံးချ သလို ဖြစ်သွားတာကို ငါစိတ်မကောင်းဘူး..."
မင်းခက မေသူ့ကို ငေးကြည့်ရင်းပြောတော့

နာကျင်မျက်ရည်(Only Love)(BL Story)(Completed)Donde viven las historias. Descúbrelo ahora