နာကျင်မျက်ရည်(Only Love)-41

98 7 1
                                    

(Unicode)

နာကျင်မျက်ရည်(Only Love)-41

"ငြင်းလို့ရမယ့် အကြောင်း...
ဟုတ်လားမေသူ..."

"ဟုတ်တယ်... ဟောဒီမှာ ခင်ဝတ်မှုံ က သူ့သူငယ်ချင်းနဲ့ ဖုန်းပြောထားတဲ့ အသံဖိုင်... " ဟုမေသူက ပြောကာ အသံဖိုင်ကို ဖွင့်ပြသည်။

နားထောင်နေရင်း ရှိုင်းရဲ့ဒေါသတွေဟာ ငယ်ထိပ်ကို ဆောင့်တက်လာသည်။

" ယုတ်မာ လိုက်တဲ့ မိန်းမ... ငါနဲ့ မင်းခကြားမှာလည်းသူပဲ ဝင်နှောင့်ယှက်နေခဲ့တာပေါ့... ငါ့ကို ဒီ ဖိုင်ကူးပေးစမ်းပါ...ငါ အခုချက်ချင်းစေ့စပ်ပွဲကို သွားဖျက်မယ်..."

" နင် အဲ့ဒီလို လုပ်လို့ မရဘူးလေ... စိတ်ကိုထိန်းမှပေါ့..."

" ဘာလို့ ထိန်းရမှာလဲ... ကြာလာရင် ပိုဆိုးလာမယ့်ဟာကို..."

"ခဏလောက် သည်းခံလိုက်ပါအုံး တစ်ရက် နှစ်ရက်လောက်ပေါ့...နင် ဘာမှ မသိသလိုနေလိုက်...ပြီးရင် သူနဲ့ အပြင်မှာ ချိန်းလိုက်လေ ... အဲ့ဒီမှာ နင်သူ့ကို မချစ်တဲ့ အကြောင်း စေ့စပ်ပွဲငို သူ့ဘက်ကဖျက်ပေးဖို့ အကြောင်းတွေကိုပြော...သူဘက်က ပြန်ပြောလာတဲ့ စကားပေါ်မူတည်ပြီး မှ နင် တုံ့ပြန်ရမှာ..."
မေသူက ရှိုင်းကို နားချသည်။

" ငါ့ စိတ်ကိုငါ ထိန်းနိုင်မှာ မဟုတ်ဘူး... ငါသူ့ကို ချိန်းတဲ့နေ့ကျရင် နင်လည်းလာခဲ့...အဲ့တာမှ ငါ အဆင်ပြေမှာ....ဒါနဲ့...ဒီ ဖိုင်ကို နင် ဘယ်လိုလုပ်ရဝာာလဲ..."ရှိုင်းကမေးတော့

"ငါ့သူငယ်ချင်း ဆီက....သူက ခုနကပဲ ကူးပေးသွားတာ...ငါကလည်း မနေနိုင်လို့ နင့်ကိုပြဖို့ အခုလို ချိန်းလိုက်ရဝာာပဲ..."ဟု မေသူကပြောပြသည်။

မီးပွိုင့်မိသွားမှ ရှိုင်းရဲ့ အတွေးတွေ ရပ်သွားသည်။

" ခင်ဝတ်မှုံ နဲ့ စေ့စပ်ပွဲကိုဖျက်လိုက်တာတော့ ဟုတ်တယ် အဲ့ဒီအတွက် နင့်ကို ရိုက်ခတ်လာနိုင်တာတွေ အများကြီးရှိတယ်ဆိုတာမမေ့နဲ့ အုံးနော်ရှိုင်း...."

"အေးပါ... ငါ့ ဘက်ကလည်းပြင်ဆင်ထားပါ့မယ်...ငါလေ ဘာမှဂရုမစိုက်တော့ဘူးသိလား... ငါသာမင်းခနဲ့ နီးရမယ် ဆိုရင်ကျေနပ်ပြီ..."
ရှိုင်းရဲ့ အဖြေကြောင့်မေသူ ပြုံးလိုက်မိသည်။

နာကျင်မျက်ရည်(Only Love)(BL Story)(Completed)Tempat cerita menjadi hidup. Temukan sekarang