နာကျင်မျက်ရည် (only love)-3(BL)

219 17 1
                                    

(Unicode)

နာကျင်မျက်ရည်(only love)-3(BL)

ညီမင်းခက ရှိုင်းရဲ့ အဖြေကို ရင်ခုန်စွာစောင့်စားနေမိသည်။
ရှိုင်းကတော့ ညီမင်းခ ရဲ့ မေးခွန်းကို ပေါ့ပေါ့ပေါ့ပါးပါးပဲ

" လက်ရှိတော့ မရှိသေးပါဘူး...." ဟုပြန်ဖြေလိုက်သည်။

ညီမင်းခရဲ့ စိတ်ထဲမှာ တင်းခံထားရာမှ သက်ပြင်းချလိုက်သည်။။ သို့သော် ရှိုင်းရဲ့ အဖြေက စိတ်အေးရသည့်အဖြေတစ်ခုတော့မဟုတ်သေးပေ။

" အော်.... မင်းမှာ မရှိသေးရင် ငါ့ညီမ ဝမ်းကွဲ နဲ့ ချိတ်ပေးရမလား ...ခုနကပဲ သူနဲ့ သွားတွေ့လာတာ ...သူတို့ အဖေက စက်မှု က လေ ...ငါတို့မလာခင်ရှေ့ အပတ်ကပဲ ပြောင်းလာကြတာ...."
ဟု ရယ်ကျဲကျဲ နှင့် ပြောလိုက်သည်။

ညီမင်းခက ခေါင်းကလေးငုံ့ပြီး စိတ်ထဲမှ

" ငါ့ကို ဘယ်နဲ့မှ မချိတ်ပေးပါနဲ့ ...ငါ က ဘယ်သူ့ ကိုမှ မှ မချစ်တာ....ငါချစ်တာ ....ငါချစ်တာက...." စိတ်ထဲမှပြောနေတော့

" ဟေ့ကောင်...ငါက ရီစရာပြောနေတာလေ ကွာ.... ဘာလဲ မင်းက တကယ်ထင်နေတာလား "ဟု ရှိုင်းကပြောပြီး ညီမင်းခရဲ့ ခေါင်းမှ ဆံပင် ကလေးကို ပွတ်လိုက်သည်။

ညီမင်းခ က အသားဖြူဖြူ ပိန်သွယ်သွယ် ခန္ဓာကိုယ်နှင့် ကြည်လင်တောက်ပသော မျက်လုံးကလေးတွေ ရှိသည်။ သွားလေးတွေ က စီနေပြီး ပြုံးလိုက်လျှင် ပါးချိုင့်ကလေးကလည်း ပေါ်လာတက်သည်။ နက်မှောင်ပြီး ပျော့ပျော့ပျောင်းသော ဆံပင်က ဘေးခွဲ အနေအထားနှင့် ရှေ့ မှာ ချထားသည်။

ရှိုင်းက မင်းခ ရဲ့ ဆံပင် ကလေးတွေကို ပွတ်သပ်ရတာ သဘောကျသည်။

ပျော့ကပျာင်းသော ဆံနွယ်လေးတွေ ကို ပွတ်သပ်ပြီး

" ကိုင်လို့ကောင်းလိုက်ဝာ ပျော့နေတာပဲ ..." အမြဲပြောလေ့ရှိသည်။

ညီမင်းခ က တော့ သူ့ခေါင်းကို မည်သူကိုင်တာကိုမှ သဘောကျသူမဟုတ်ပေ။သို့သော် ရှိုင်း ကိုင်လျှင်တော့ အသာလေးငြိမ်နေတက်သည်။

"ကဲ ...ငါ အိပ်ချင်လာပြီ ....ငါမင်းကုတင်မှာ ပဲ...အိပ်တော့မယ် ...မင်းလည်း အိပ်ချင်ရင် ငါ့ဘေးမှာပဲ လာအိပ်တော့ ...." ဟုပြောကာ သန်းပြပြီး ရှိုင်းက အိပ်သည်။

နာကျင်မျက်ရည်(Only Love)(BL Story)(Completed)Hikayelerin yaşadığı yer. Şimdi keşfedin