နာကျင်မျက်ရည်(Only Love)-36

99 7 1
                                    

(Unicode)

နာကျင်မျက်ရည်(Only Love)-36

" ရှိုင်း... နင်ကလည်းစားလေဟာ... " မေသူကပြောမှ ရှိုင်းသတိဝင်လာသည်။

" အော်...အေး... " ရှိုင်းက ပြန်ဖြေပြီး
တုတ်ထိုးတစ်ချောင်းကိုကောက် ကိုင်လိုက်ရာ မင်းခ ကြိုက်တက်သည့် နားရွက် အပိုင်းဖြစ်နေတာကို သတိထားမိလိုက်သည်။

ထို့ကြောင့် မင်းခ ရဲ့ ရှေ့ကို ချပေးလိုက်တော့ မင်းခ က ရှိုင်းကို လှမ်းကြည့်သည်။

ရှိုင်းက မင်းခကို ပြုံးပြီး မျက်စိမှိတ်ပြတော့ မင်းခ ရင်တွေ ခုန်သွားသည်။ သို့ပေမယ့်
မဲ့လိုက် ပြီး ရှိုင်း ပေးသည့် တုတ်ထိုးချောင်းကို စားမိလိုက်သည်။

မစားဘူးဟု ‌တွေးလိုက်ပေမယ့် လက်က အလိုလို ပါးစပ်ထဲကို ထည့်မိသွားသည်။

ရှိုင်းက သူပေးလိုက်သည့် တုတ်ထိုးကို စားလိုက်သော မင်းခကို ကြည့်ပြီးကြည်နူးနေမိသည်။

မေသူကတော့ ရှိုင်းနဲ့ မင်းခ တို့ကို မသိမသာ အကဲ ခတ်နေသည်။ မင်းခ ရဲ့ မျက်နှာကို မသိမသာငေးရင်း

"နင် စိတ်ချမ်းသာတယ်ဆိုရင် ...ငါ ဘာပဲလုပ်ရလုပ်ရပါမင်းခရယ်..."ဟု စိတ်ထဲမှ တီးတိုးကလေးပြောနေမိသည်။

************************************

" သား... မနက်ဖြန်မနက် သား ဒယ်ဒီ ပြန်လာမယ်တဲ့..." ရှိုင်း အိမ်ကိုပြန်ရောက်တာနဲ့ မေမေက စီးပြောသည်။

"ဟုတ်လား မာမီ... အလုပ် က ခွင့်ရတာလား... " ဧည့်ခန်းက ခုံမှာ ရှိုင်းက ဝင်ထိုင်ပြီးမေးတော့

" ခွင့် မလိုပါဘူးသားရယ် ...မကြာခင်ပဲ ကုမ္ပဏီပိုင်ရှင် နဲ့ ခမည်းခမက်တော်ရတော့မှာပဲ ဥစ္စာ..." မေမေက ပြုံးရွှင်လျက်ပြောတော့

ရှိုင်း မျက်မှောင် ကျုတ်လိုက်မိသည်။ နောက်တော့ မှ သဘောပေါက်သွားသည်။

" ဝတ်မှုံ တို့ နဲ့ အတူ လာမှာတဲ့သား... လာပြီး သားနဲ့ သမီးတို့ကို စေ့စပ် ကြောင်းလမ်းပေးမှာ... ပြီးတော့ သားတို့ လက်ထပ်ပြီးရင်
ဝတ်မှုံ ဖေဖေက သားရဲ့‌ဒယ်ဒီကို နေပြည်တော်ရုံးခွဲမှာ MD ခန့်မှာတဲ့..."
မေမေက အားပါးတရပြောနေသည်။

နာကျင်မျက်ရည်(Only Love)(BL Story)(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ