အပိုင်း ၁၊ မင်္ဂလာပွဲ

1.7K 166 24
                                        

Unicode

မင်္ဂလာပွဲ နံနက်ခင်းမှာ ဘာရိုးက ရွှင်မြူးတက်ကြွမှုများနှင့် ကျွက်ကျွက်ညံနေသည့် နေရာတစ်ခု။နောက်ဆုံးလက်ကျန် တောက်တိုမယ်ရကိစ္စများကို အချောသတ်ခြင်း၊ဧည့်သည်များအား ကြိုဆိုဧည့်ခံ့ခြင်းဖြင့် အဝတ်အစား ပုံစံမျိုးနှင့် ဝီစလေများ ယောက်ယက်ခတ်နေခဲ့သည်။

ဟာမိုင်အိုနီ၊ဟယ်ရီနှင့် ရွန်တို့ကို ဒမ်ဘယ်ဒေါ၏ သေတမ်းစာနှင့် ပတ်သက်၍ မှော်ဝန်ကြီးဌာန ဝန်ကြီးကိုယ်တိုင်က လာရောက်တွေ့ဆုံပြီးဖြစ်သည်။အမွေခံ ပစ္စည်းများကို သူတို့အား ပေးအပ်ပြီးသည့်နောက် ဟာမိုင်အိုနီက သူနှင့် ဂျင်းနီ၏ အခန်းသို့ စာစဖတ်ဖို့ ထွက်သွားခဲ့သည်။အခန်းထဲမှာ ဂျင်းနီက သူ့စာအုပ်ကို အတင်းအကျပ် လုယူပြီးနောက် မင်္ဂလာပွဲအတွက် သူ့ကို ပြင်ဆင်ပေးဖို့ လုပ်ရသည်။

ဟယ်ရီက သူများများလိုအပ်နေသော ဒရေကိုနှင့် အဖိုးတန်အချိန်လေးတွေ ကုန်ဆုံးဖို့ သူ့ကိုယ်သူ ခွင့်ပြုခဲ့ပြီးဖြစ်သည်။ဝီစလေတို့အိမ်တွင် ပထမညအပြီးမှာ သူနှင့် ဒရေကို အတော်လေး နီးကပ်လာကြသည်။သူ ဘာတွေ ခံစားနေခဲ့ရသလဲ ဒရေကို တကယ်သိနေခဲ့သလို ဟယ်ရီခံစားရသည်။ဒရေကိုက သူ့ကို စာနာမှု မရှိပါ။ကိုယ့်စိတ်ကို ပြန်စုစည်းပြီး သောက်ကျိုးနည်း ကမ္ဘာကြီးကို ကယ်တင်ဖို့ သူ့ကို ဒရေကို ထပ်ပြောခဲ့သည်။

"တကယ်တော့ ငါ ဘယ်တုန်းကမှ မင်္ဂလာပွဲ မတက်ဖူးဘူး"

ဟယ်ရီနှင့်အတူ လှဲလျောင်းနေသည့် ဟယ်ရီ့အိပ်ရာငယ်ပေါ်မှာ ဒရေကို ခပ်မြူးမြူးပြောသည်။သူတို့၏ လက်ချောင်းများကို ယှက်ထားကြပြီး ဟယ်ရီက ဒရေကို့ ပုခုံးပေါ် ခေါင်းမှီထားခဲ့သည်။သူတို့၏ အရာရာကို ပြောင်းလဲခဲ့သည့် မှတ်မှတ်ထင်ထင် အနမ်းတစ်ခု လွန်ခဲ့သည်မှာ တစ်ပတ်ရှိပြီဖြစ်သည်။ရက်သတ္တပါတ် နှစ်ခုအတွင်းမှာ သူတို့သည် ရှက်ကိုးရှက်ကန်း အထိအတွေ့များနှင့် မျက်နှာပူခြင်းတို့မှ တစ်ခုခုကို အမှန်တကယ် လက်ဆုပ်လက်ကိုင်ပြနိုင်သည့် တစ်စုံတစ်ရာသို့ အဆင့်တက်သွားခဲ့သည်။

ဟယ်ရီက ပြုံးကာ ဒရေကို့ ပုခုံးပေါ်သို့ အနမ်းတစ်ခု ခတ်နိပ်လိုက်သည်။

စိတ်ရဲ့ အလှည့် | မြန်မာပြန် |Место, где живут истории. Откройте их для себя