အပိုင်း ၁၊ ရောင်နီဦးလို

1.8K 224 9
                                        

Unicode

အနှီကိစ္စကို သူ မလိုလားပါ။သူ တကယ်ကြီး အနှစ်မြို့နိုင်ခဲ့။အမှောင်ဂိုဏ်းသားတွေ သူ့အား ဖမ်းဆီးခေါ်ဆောင်သွားသည်ကမှ သာ၍ ကောင်းသေးသည်။ဤ အတွေးကလည်း မမှန်နိုင်သေး။ဒရေကို တွေးလိုက်သည်။ထို အတွေးအတိုင်းသာ ဖြစ်ပွါးခဲ့လျှင်လည်း အကျိုးဆက်က အသက်အန္တရာယ်ဖြစ်လောက်သည့် နှိပ်စက်ညှင်းပန်းခံရမှုနှင့် အမှောင်သခင်၏ လက်ထဲ အသက်ပေးလိုက်ရခြင်းပင် ဖြစ်နိုင်သေးသည်။ဟုတ်သည်။ကျန်ရှိသည့် သောက်စစ်ပွဲကာလအတွင်း ပေါ်တာနှင့် အတူတူရှိနေခြင်းကပို၍ ကောင်းမွန်လိမ့်မည်။အနည်းဆုံးတော့ ပေါ်တာက သူ့ကို မျက်နှာလွှဲခဲပစ် အသေခံခိုင်းလိမ့်မည်မဟုတ်။

သူတို့ အချင်းချင်း ဘယ်လောက်ပဲ မတည့်မတည့်၊ပေါ်တာက သူ့ကို ဖယ်ကြဉ်လိမ့်မည်မဟုတ်။ပေါ်တာက ငအ၊လူစွမ်းကောင်း အရူး။

မက်ဂေါနဂယ်က အခန်းထောင့် တစ်နေရာမှာ သူ့ကို စောင့်နေသည်။မက်ဂေါနဂယ်က သူ့ကိုစူးစိုက်ကြည့်နေသည့် လျင်သော၊ပါးသော မျက်လုံးအကြည့်တွေကို သူသတိထားမိ၏။မက်ဂေါနဂယ်ကို သူ အပြစ်မတင်မိ။အနှစ်ချုပ်တော့ သူဆိုသည်မှာ မှော်လောကသမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးသော မှော်ဆရာတွေထဲတွင် တစ်ဦးအပါအဝင်ဖြစ်သူကို နိဂုံးချုပ်ဇာတ်သိမ်းပေးဖို့ လွန်ခဲ့သည့်တစ်နှစ်ကျော်ကာလကတည်းက အစီအစဉ်ဆွဲနေခဲ့သူ အမှောင်ဂိုဏ်းသားငယ် တစ်ယောက်ပါပဲ။မက်ဂေါနဂယ်နှင့်သူက နောက်ထပ်(၁၅)မိနစ်အတိအကျအတွင်း ကျောင်းခန်းမဆောင်တွင် သူတော်ကောင်းကြီးပေါ်တာ နှင့်ဆုံကြဖို့ အချိန်းအချက်လုပ်ထားသည်။ပေါ်တာနှင့်သူ့အား လုံခြုံသော အိမ်ရာတစ်ခုဆီသို့ မလွှတ်မီ လိုအပ်သည့် ပစ္စည်းပစ္စယတွေကို သိမ်းဆည်းယူဆောင်နိုင်ဖို့ သက်ဆိုင်ရာ အိပ်ဆောင်သို့ အသီးသီးပို့ပေးသည်။ဒါပေါ့။သူကတော့ သူ့လှုပ်ရှားမှုတိုင်းကို စောင့်ကြပ်စိစစ်ဖို့ ဘေးမှာ ကလေးထိန်းတစ်ယောက်ရှိနေရန် လိုအပ်ခဲ့သည်။သည်လိုမှပဲ လူတစ်ယောက်ကို အသတ်နုတ်လိုက်နိုင်သည့် မှော်နက်ပစ္စည်းတစ်ခုတလေကို သူနှင့်အတူ ယူဆောင်မလာဟု စိတ်ချကြရမည်လေ။

စိတ်ရဲ့ အလှည့် | မြန်မာပြန် |Donde viven las historias. Descúbrelo ahora