"ကဲ လူကြီးမင်းတို့၊ဒါ လတ်တလော မင်းတို့နေရမယ့် နေရာပဲ"
မသိရသော နေရာတစ်ခု၏ အလယ်က ဖြစ်ဟန်တူသည့် သီးခြားဧရိယာတစ်ခုသို့ မက်ဂေါနဂယ် သူတို့ကို ခေါ်ဆောင်သွားခဲ့သည်။ထိုဧရိယာ၏ အလယ်သို့ လျှောက်သွား၍ မက်ဂေါနဂယ်က အရံအတားစည်းချထားသည့် အိမ် ထင်ရှားထွက်ပေါ်လာအောင်ဟုထင်ရသော မန္တန်အစီအရင်တွေကို ရေရွတ်လိုက်သည်။အနှီအိမ်က လူတိုင်း၏ မြင်ကွင်းထဲတွင် ပေါ်လာလိမ့်မည်တော့ မဟုတ်။စရောက်ကတည်းက ပထမဦးဆုံးအကြိမ်အဖြစ် ဘေးဘီကို သူ စေ့စေ့စပ်စပ်အကဲခတ်ကြည့်မိသည်။
ဤ ပတ်ဝန်းကျင်သို့ ဝင်ရောက်ခြေချလာသည်နှင့် မာလ်ဖွိုင်း ပင့်သက်ရှိုက်လိုက်သည်ကို သူကြားရ၏။အမှန်တကယ်တော့ အနှီ ဖြူဖျော့ဖျော့ ဆံပင်နှင့် ကောင်လေးကို သူ အပြစ်မမြင်မိ။အရုဏ်တက်လုပြီ။ဝါလွင်လွင် နေရောင်အမျှင်တန်းတွေက မဟူရာခြုံလွှာကိုပင် ထိုးဖောက်ဖြန့်ကျက်စပြုပြီ။
ခရမ်းနှင့် ပန်းရောင်ပြေးသည့် အပြောက်အကွက်တွေနှင့် အနှီအမျှင်တန်းတွေ ရောထွေးယှက်နွယ်နေသည့် ကသိုဏ်းဝန်းက အကြည့်လွှဲရက်စရာ မရှိ။ရောင်မျိုးကြွယ်သည့် နောက်ခံပိတ်ကားထက် အရိပ်ကျ ပုံထင်နေသည့် ကချေသည်များနှယ် သစ်ပင်များကလည်း အမှောင်သည်းသည်းကြားတွင် ရှိနေ၏။
နုထွေးသည့် မြက်သားပြင်က ရိပ်သင်ပေးသင့်သည့် အရွယ်ကို ရောက်ပြီ။အနီးနားရှိ ပန်းမန်တွေ၏ ရနံသင်းသင်းကိုလည်း သူရှုရှိုက်မိ၏။သူသည်လည်း သက်ပြင်းရှိုက်လိုက်ပြီး လွန်လေပြီးသော ည၏ အခြားမဲ့ကာလ၌ ပထမဦးဆုံးအကြိမ်အဖြစ် စိတ်ငြိမ်သက်သွား၏။
မာလ်ဖွိုင်း နောက်လှည့်ကာ သူ့ကို ပြုံံးစစနှင့် ကြည့်လိုက်သည်ကို သူတွေ့ခဲ့သည်။ယတိပြတ် သူမပြောနိုင်ခဲ့။သူ့ မျက်မှန်ဖန်သားက လတ်တလော အက်နေသည်ကတစ်ကြောင်း၊အပြင်လောကကို အမှောင်ထုက ကြီးစိုးဆဲရှိသေးသည်က တစ်ကြောင်းကြောင့်ဖြစ်၏။မာလ်ဖွိုင်း ရှေ့ပြန်လှည့်သွား၏။အပြုံးတစ်ခု၏ အစအနမှန်သမျှက ပျောက်ရှလျက်။ထာဝစဉ်တည်မြဲခဲ့သော မာထန်သည့် မျက်နှာအမူအရာကသာ ပြန်လည် နေရာယူသွား၏။
VOCÊ ESTÁ LENDO
စိတ်ရဲ့ အလှည့် | မြန်မာပြန် |
Fanfic✔Uploaded in both Zawgyi and Unicode. ကာကွယ်ပေးမည် ဆိုသော ဒမ်ဘယ်ဒေါ၏ ကမ်းလှမ်းမှုကို နက္ခတ်ကြည့်မျှော်စင်ပေါ်မှာ မာလ်ဖွိုင်း လက်ခံခဲ့လိုက်လျှင်ကော။ ထိုကတိကဝတ်၏ အကျိုးဆက်ဖြင့် ဟယ်ရီနှင့် ဒရေကိုတို့ အတူတူနေကြဖို့ အတင်း အစီစဥ် ခံခဲ့ရလျှင်က...