အပိုင်း ၁၊ ရှာ​ဖွေ​တွေ့ရှိမှု

1.4K 186 5
                                        

Unicode

အချစ်ဆုံး သူငယ်ချင်း ဖြစ်သူအတွက် သူ စိုးရိမ်မိသည်။သူနှင့် ရွန်တို့ နှစ်ယောက်၏ ကလေးကလား ရန်ပွဲများတွင် ကြားညပ်ပါခြင်းနှင့် ဒမ်ဘယ်ဒေါ၏ စာသင်ချိန်တို့ကြောင့် ဟယ်ရီ့အတွက် ကြမ်းတမ်းခက်ခဲသည့် နှစ်တစ်နှစ်ကို ရင်ဆိုင်နေခဲ့ရကြောင်း သူသိသည်။သူ့အနေနှင့် ဟယ်ရီ့ကို ပိုဂရုစိုက်ခဲ့သင့်သည်။ယခုတော့ အရာရာက အပျက်အပျက်အယွင်းယွင်း။

ရွန်နှင့် ဟက်ဂရစ်တို့က တဲထောင့်စွန်းမှာ ခါတိုင်းအချိန်တွေထက် ပို၍ ငြိမ်ကုပ်နေသော ဖန်းနှင့်။လေသံကလေးတွေနှင့် စကားပြောနေကြ၏။မနှစ်မြို့ဖွယ် တိတ်ဆိတ်နေမှုကို ဟက်ဂရစ်၏ ခပ်ကျယ်ကျယ် သက်ရှိုက်သံက ရံဖန်ရံခါ ထိုးဖောက်ကာ ထွက်ပေါ်လာနေ၏။

လုံခြုံသည့် အိမ်တစ်လုံးမှာ ရန်သူတော်ကြီးနှစ်ယောက်ကို အတူနေခိုင်းခြင်းက အကြံကောင်းတစ်ခုဟု ဒမ်ဘယ်ဒေါ ဘာကြောင့်ထင်မြင်ရသလဲ သူ သိချင်မိသည်။ဒမ်ဘယ်ဒေါမှာ သူ့အကြောင်းပြချက်နှင့်သူ အမြဲတမ်း ရှိသည်ကို သူသိ၏။ဒမ်ဘယ်ဒေါဟူသည်က သူဘာလုပ်နေသလဲ သူကောင်းကောင်းသိတတ်၏။အနှီကိစ္စတွင်လည်း လက်ခံချင်စရာ အကြောင်းပြချက်တစ်ခု ရှိနေလိမ့်မည်။

အနှီအကြောင်းပြချက်က သူ့အတွက် ပဟေဠိတစ်ပုဒ်ဖြစ်နေ၍ သူ ဖြေရလု နီးနီးရှိပြီ။ကိစ္စရပ်တစ်ခုလုံးကို ခြုံငုံမိသည့် ရေးတေးတေးအဖြေတစ်ခုကို သူရပြီးသော်လည်း သူ့အဖြေက အဓိပ္ပာယ် မရှိလှ။သူခေါင်းခါလိုက်သည်။လွန်ခဲ့သော နေ့ရက်တွေအတွင်း သူဖြတ်သန်းရင်ဆိုင်ခဲ့ရသည့် အူကြောင်ကြားဖြစ်ရပ်တွေက သူ့ခေါင်းထဲ အလျှိုလျှို ပေါ်လာကြသည်။

ရန်ဖက်နှစ်ယောက်ကို အတူနေခိုင်းခြင်း၏ နောက်ကွယ်၌ ဒမ်ဘယ်ဒေါအလိုရှိနေသည့် အကြောင်းပြချက်တစ်ခုရှိရမည်။အထူးသဖြင့် ဩချရလောက်သည့် အာဃာတမျိုးနှင့် ရန်သတ်တတ်ကြသည့် ဟယ်ရီနှင့် မာလ်ဖွိုင်းတို့လို ရန်သူတော် နှစ်ယောက်။ပြင်းပြသည့် အမုန်းတရားက သူကောင်းကောင်းသိသည့် အခြားသော တစ်စုံတစ်ခုသော စိတ်ပြင်းပြခြင်းနှင့်လည်း တူသယောင်ရှိသည်။

သူ့ကိုယ်သူ ဝမ်းနည်းသည့် အပြုံးရေးရေးတစ်ခု ပြုံးခွင့်ပြုလိုက်သည်။နိဂုံးချုပ်တော့ ပဟေဠိ၏ ပါဝင်ဖက် အစိတ်အပိုင်းတွေကို စုစည်းပေါင်းစပ်ကြည့်နိုင်လိုက်ပြီ။

4,November,2020

Thank you.

Zawgyi

အခ်စ္ဆုံး သူငယ္ခ်င္း ျဖစ္သူအတြက္ သူ စိုးရိမ္မိသည္။သူႏွင့္ ႐ြန္တို႔ ႏွစ္ေယာက္၏ ကေလးကလား ရန္ပြဲမ်ားတြင္ ၾကားညပ္ပါျခင္းႏွင့္ ဒမ္ဘယ္ေဒါ၏ စာသင္ခ်ိန္တို႔ေၾကာင့္ ဟယ္ရီ႕အတြက္ ၾကမ္းတမ္းခက္ခဲသည့္ ႏွစ္တစ္ႏွစ္ကို ရင္ဆိုင္ေနခဲ့ရေၾကာင္း သူသိသည္။သူ႔အေနႏွင့္ ဟယ္ရီ႕ကို ပိုဂ႐ုစိုက္ခဲ့သင့္သည္။ယခုေတာ့ အရာရာက အပ်က္အပ်က္အယြင္းယြင္း။

႐ြန္ႏွင့္ ဟက္ဂရစ္တို႔က တဲေထာင့္စြန္းမွာ ခါတိုင္းအခ်ိန္ေတြထက္ ပို၍ ၿငိမ္ကုပ္ေနေသာ ဖန္းႏွင့္။ေလသံကေလးေတြႏွင့္ စကားေျပာေနၾက၏။မႏွစ္ၿမိဳ႕ဖြယ္ တိတ္ဆိတ္ေနမႈကို ဟက္ဂရစ္၏ ခပ္က်ယ္က်ယ္ သက္ရႈိက္သံက ရံဖန္ရံခါ ထိုးေဖာက္ကာ ထြက္ေပၚလာေန၏။

လုံၿခဳံသည့္ အိမ္တစ္လုံးမွာ ရန္သူေတာ္ႀကီးႏွစ္ေယာက္ကို အတူေနခိုင္းျခင္းက အႀကံေကာင္းတစ္ခုဟု ဒမ္ဘယ္ေဒါ ဘာေၾကာင့္ထင္ျမင္ရသလဲ သူ သိခ်င္မိသည္။ဒမ္ဘယ္ေဒါမွာ သူ႔အေၾကာင္းျပခ်က္ႏွင့္သူ အၿမဲတမ္း ရွိသည္ကို သူသိ၏။ဒမ္ဘယ္ေဒါဟူသည္က သူဘာလုပ္ေနသလဲ သူေကာင္းေကာင္းသိတတ္၏။အႏွီကိစၥတြင္လည္း လက္ခံခ်င္စရာ အေၾကာင္းျပခ်က္တစ္ခု ရွိေနလိမ့္မည္။

အႏွီအေၾကာင္းျပခ်က္က သူ႔အတြက္ ပေဟဠိတစ္ပုဒ္ျဖစ္ေန၍ သူ ေျဖရလု နီးနီးရွိၿပီ။ကိစၥရပ္တစ္ခုလုံးကို ၿခဳံငုံမိသည့္ ေရးေတးေတးအေျဖတစ္ခုကို သူရၿပီးေသာ္လည္း သူ႔အေျဖက အဓိပၸာယ္ မရွိလွ။သူေခါင္းခါလိုက္သည္။လြန္ခဲ့ေသာ ေန႔ရက္ေတြအတြင္း သူျဖတ္သန္းရင္ဆိုင္ခဲ့ရသည့္ အူေၾကာင္ၾကားျဖစ္ရပ္ေတြက သူ႔ေခါင္းထဲ အလွ်ိဳလွ်ိဳ ေပၚလာၾကသည္။

ရန္ဖက္ႏွစ္ေယာက္ကို အတူေနခိုင္းျခင္း၏ ေနာက္ကြယ္၌ ဒမ္ဘယ္ေဒါအလိုရွိေနသည့္ အေၾကာင္းျပခ်က္တစ္ခုရွိရမည္။အထူးသျဖင့္ ဩခ်ရေလာက္သည့္ အာဃာတမ်ိဳးႏွင့္ ရန္သတ္တတ္ၾကသည့္ ဟယ္ရီႏွင့္ မာလ္ဖြိဳင္းတို႔လို ရန္သူေတာ္ ႏွစ္ေယာက္။ျပင္းျပသည့္ အမုန္းတရားက သူေကာင္းေကာင္းသိသည့္ အျခားေသာ တစ္စုံတစ္ခုေသာ စိတ္ျပင္းျပျခင္းႏွင့္လည္း တူသေယာင္ရွိသည္။

သူ႔ကိုယ္သူ ဝမ္းနည္းသည့္ အၿပဳံးေရးေရးတစ္ခု ၿပဳံးခြင့္ျပဳလိုက္သည္။နိဂုံးခ်ဳပ္ေတာ့ ပေဟဠိ၏ ပါဝင္ဖက္ အစိတ္အပိုင္းေတြကို စုစည္းေပါင္းစပ္ၾကည့္ႏိုင္လိုက္ၿပီ။

4,November,2020

Thank you.

စိတ်ရဲ့ အလှည့် | မြန်မာပြန် |Donde viven las historias. Descúbrelo ahora