အပိုင်း ၁၊ ဝိုးဝါးမပီ

1.3K 182 10
                                    

Unicode

သူတို့နှစ်ဦးသား တစ်ယောက်နှင့် တစ်ယောက် ရန်သတ်မနေကြောင်းနှင့် အိမ်အသစ်မှာ အခြေကျပြီဖြစ်ကြောင်း သေချာသည်နှင့် နာရီဝက်ခန့်အကြာတွင် မက်ဂေါနဂယ် ထွက်သွားခဲ့သည်။သူတို့၏ အစီအစဉ်နှင့် ပတ်သက်၍ပဲဖြစ်ဖြစ်၊သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးတွင်ပဲ ဖြစ်ဖြစ် ကိစ္စတစ်ခုခုရှိလျှင် သူ့အား ချက်ချင်း ဆင့်ခေါ်ရန်လည်း မက်ဂေါနဂယ်က မှာသွားသည်။ရွန်နှင့် ဟာမိုင်အိုနီကို သူနှင့် မာလ်ဖွိုင်းဆန္ဒရှိလျှင် တစ်ညအိပ် လည်ခွင့်ပြုထားပြီး ရက်သတ္တပါတ်အနည်းငယ်အကြာမှာ မာလ်ဖွိုင်း၏အမေက သူတို့နှင့်အတူ လာနေလိမ့်မည်ဖြစ်ကြောင်း အသိပေးသွားခဲ့သည်။

အံ့အားချင်စရာကောင်းစွာပဲ မာလ်ဖွိုင်းမိသားစုသုံးယောက်မှာ နှစ်ယောက်နှင့် အတူနေရတော့မည့် ကိစ္စက သူ့ကို စိတ်အနှောင့်အယှက် မပေးခဲ့။မာလ်ဖွိုင်းတို့အား သူ့ကိုယ်သူထင်ထားသလောက်ပင် မုန်းတီးနေခြင်းမရှိကြောင်း သူနားလည်ခဲ့သည်။

သူနှင့် ဒရေကိုကြားရှိ ရန်စက စင်စစ် ဒရေကိုက အာရုံအစိုက်ခံရဖို့ သူ့ကို ရန်စခြင်းနှင့် သူကလည်း တုံ့ပြန်ရန်ဆောင်မိခြင်းသာဖြစ်၏။ရုတ်ခြည်းဖြစ်သော အနှီအပြောင်းအလဲနှင့် ရုတ်တရက် နားလည်လက်ခံလိုက်ရသော အမှန်တရားက ကောင်လေးနှစ်ဦးထံသို့ ချောချောမွေ့မွေ့ ရောက်ပေါက်လာခဲ့သည်တော့ မဟုတ်။လုံးဝ မဟုတ်။

အနှီအခြေအနေကို သူ စိတ်ကုန်သွားပြီဟု လက်သင့်ခံလိုက်သည့် လွန်ခဲ့သော ရက်သတ္တပါတ်တစ်ခုက အစပြုခဲ့ခြင်းဖြစ်သည်။တစ်ချိန်လုံး ဒရေကို့ကို ရှောင်နေခြင်းအား သူ စိတ်မပါတော့။သူတို့နှစ်ဦးသားလုံး အန္တရာယ်တောထဲ လမ်းလျှောက်နေကြရပြီး နှစ်ဦးကြား ဆက်ဆံရေးက တစ်ယောက်ကို တစ်ယောက် ရှောင်ဖယ်ဖယ်နှင့်။

သူတို့နှစ်ယောက်စလုံး ကြောင်တောင်တောင်နှင့် ကလေးကလားနိုင်လွန်းနေသည်ဟု ဟယ်ရီ နားလည်လိုက်သည်။သူကဖြင့် တကယ်တော့ ဒရေကို အမှီပြုစရာ ပုခုံးတစ်ဖက်အဖြစ် ရပ်တည်ပေးဖို့ ကိုယ့်ကိုယ်ကိုယ် ကတိပေးခဲ့ပြီးသား။

စိတ်ရဲ့ အလှည့် | မြန်မာပြန် |Where stories live. Discover now