အပိုင်း ၁၊ ဝိညာဥ်သို ပစ္စည်း အရှာ

1.1K 147 0
                                    

Unicode

ဆယ်ကျော်သက်လေးယောက် မက်ဂယ်တို့၏ လန်ဒန်လမ်းမများထဲ လမ်းသလားနေခဲ့သည်။မင်္ဂလာပွဲ မစခင်ကတည်းက စိတ်ထင့်နေခဲ့တာကြောင့် သူတို့လိုအပ်သည့် ပစ္စည်းအားလုံးကို ဟာမိုင်အိုနီ ယူလာခဲ့သည်။မင်္ဂလာပွဲ ပြီးပြီးချင်း အရေးပေါ်ထွက်ခွါဖို့ရှိလျှင် အဆင်သင့်ဖြစ်နေစေဖို့ ဟာမိုင်အိုနီက ဟယ်ရီ၊ဒရေကိုနှင့် ရွန်တို့၏ အခန်းထဲ ခိုးဝင်ကာ ပစ္စည်းတွေ စုထားခဲ့ခြင်းဖြစ်သည်။

သူ ကြိုတင်တွေးထားခဲ့မိသည် အတွက် အခုတော့ ဟာမိုင်အိုနီ အလွန်ကျေနပ်နေသည်။ဂုဏ်သတင်းကြီးသည့် သူ့ဆံပင်ကို ရက်သတ္တပါတ်များစွာကြာအောင် သ နိုင်တော့မည်မဟုတ်သည့် အတွက် ဒရေကိုက ညည်းညူနေခဲ့ပြီး ဟာမိုင်အိုနီကတော့ သူတို့အိမ်မပြန်နိုင်မှာ ရက်သတ္တပါတ်များစွာထက် ပိုကြာလိမ့်မည်ဟု တွက်သည်။အခု ဝိညာဉ်သိုပစ္စည်း အရှာထွက်သော ကိစ္စက သူတို့အားလုံးတွေးထားခဲ့သလို လွယ်ကူလိမ့်မည်မဟုတ်။ဝိညာဉ်သို ပစ္စည်းတွေက ဘာလဲ ဆိုတာကို သူတို့ သိပေမဲ့ ထိုပစ္စည်းတွေ ဘယ်မှာရှိနိုင်လောက်သလဲနှင့် ပတ်သက်ပြီး ဘာသဲလွန်စမှ မရှိ။

ဒရေကိုက မာလ်ဖွိုင်းစံအိမ်ကို ထင်ကြေးပေးပေမဲ့ ထိုသို့ဖြစ်ရန်က လွယ်ကူလွန်းသည်။သူ့အတွက် သိပ်အရေးပါသည့် ပစ္စည်းတစ်ခုကို ဂန်းတိဂန်းတန်းတစ်ယောက်ယောက်က ယူကိုင်ပြီး အထားမှား ဖျောက်ပစ်နိုင်သည့် နေရာတစ်ခုမှာ ဗိုဒါမို့သခင် ဘယ်တော့မှ ဖွက်လိမ့်မည်မဟုတ်ပါ။ဗိုဒါမို့က သူ့ဝိညာဉ်သိုပစ္စည်းများကို ဗျူဟာမြောက်အခင်းအကျင်းများနှင့်သာ ထားမည်ဖြစ်သည်။ထိုပစ္စည်းတွေကို သိမ်းဆည်းထားမည့်နေရာ....တခြားပစ္စည်းတွေကြားမှာ...။ဘယ်ကစရှာမလဲ ဟာမိုင်အိုနီ မသိပါ။သူ့အတွက်တောင် သည်ပဟေဠိက ခက်လွန်းသည်။

လမ်းပေါ်က လူတချို့၏ အသံသေး အသံ ကြောင်များကို လျစ်လျှူရှုကာ သူ စိတ်ပေါက်ပေါက်နှင့် ဖြတ်လျှောက်လာခဲ့သည်။သူ့အနောက်နား ကပ်ကပ်မှာ ခပ်သွက်သွက် တီးတိုးရေရွတ်လိုက်သည့် အသံဆိတ်မန္တန် (Sliencing Charm)တစ်ခုကို ကြားလိုက်ရသည်ဟု ဟာမိုင်အိုနီထင်သည်။စိတ်ပျက်စရာ ထိုလူများထံမှ ရွန် သူ့ကို ကာကွယ်လိုက်သည်ကို သိသောအခါ ဟာမိုင်အိုနီက ပြုံးသွားသည်။ဒါပေမဲ့ သူက ထိုကာကွယ်ပေးမှုကို လိုအပ်သည်တော့ မဟုတ်။

စိတ်ရဲ့ အလှည့် | မြန်မာပြန် |Nơi câu chuyện tồn tại. Hãy khám phá bây giờ