အပိုင်း ၂၊ မူပိုင်

879 101 1
                                    

Unicode

လွန်ခဲ့သော (၁၀)နှစ်အကြာကလို သွေးနားထင်ရောက်နေသည့် ငနာကောင် ဒရေကို သူ့ထံမှ ထွက်ခွါသွားသည်ကို ကြည့်နေရင်း ဝမ်းနည်းမှုက ဒေါသအဖြစ် ကူးပြောင်းသွား၏။သူ ယုံတောင် မယုံနိုင် ဖြစ်ရသည်။သူက သောက်ဆေးရုံခုတင်အိုကြီးပေါ်မှာ စိတ်သွားတိုင်း ကိုယ်မပါနိုင်ရှိနေရပြီး ဒရေကိုက သူနှင့်ဝေးရာသို့ ထပ်မံထွက်သွားဖို့ သောက်ရမ်း သတ္တိရှိနေသည်။

သတိပေးသံ ထွက်ပေါ်လာချိန်တွင် သူ့နှလုံးကို စစ်ဆေးစောင့်ကြည့်နေသည့် မန္တရားကို သူ ဖျက်ဆီးလိုက်ပြီးပြီ ဖြစ်သည်။ဒရေကိုက စိုးထိတ်နေပုံရသော အခြားဆရာဝန်သုံးယောက်နှင့်အတူ အလောတကြီးဝင်လာသည့်အခါ သူ ညည်းတွား၍ အိပ်ရာပေါ် လဲကျသွား၏။ဒရေကိုက ဟယ်ရီ့ကို အိပ်ရာပေါ်သို့ ညင်သာစွာ လှဲစေလျက် ဆေးတောင်ဝှေးကို ထုတ်ကာ မန္တရားတွေကို ရေးကြီးသုတ်ပျာ စီရင်သည်။ဟယ်ရီ မျက်နှာတစ်ချက်မဲ့ပြီး ပြန်လှဲလိုက်သည်။ကုသရေးအစီအရင်အောက်မှာ သူ့ခန္ဓာကိုယ်က အပြည့်အဝ ပြန် မကျန်းမာလာသေးပုံရ၏။

မန္တန်တစ်ဖုံကို စီရင်ပြီးချိန်၌ ဟယ်ရီ့အခြေအနေက လုံခြုံစိတ်ချရပြီဟု ယူဆရသည့်အလျောက် ကျန်ဆရာဝန်များက အခန်းပြင် ထွက်သွားသည်။မှော်လောက ကင်တင်ရှင်၏ ကမူးရှူးတိုးလုပ်ရပ်ကြောင့် သူတို့ ကသီလင်တ ဖြစ်သွားရခြင်းအား မကျေမနပ်ဖြစ်နေပုံရပေမဲ့ ဟယ်ရီ သူတို့ကို အပြစ်မယူပါ။ဒရေကို့ကို သူတို့နှင့်အတူ ထွက်သွားလိမ့်မည်ဟု ထင်ထားပေမဲ့ သူက နောက်မှာ ကျန်နေရစ်ခဲ့သဖြင့် ဟယ်ရီ အံ့ဩသွားသည်။ကောင်လေးက အပြာရောင်ထိုင်ခုံတစ်လုံးကို ဆွဲယူလာသည်။ထိုမြင်ကွင်းကို ဟယ်ရီ သဘောကျမိသည်။ခပ်စုတ်စုတ် လူနာစောင့်ထိုင်ခုံမှာထိုင်နေသော ပြီးပြည့်စုံသည့် အထက်တန်းစား သမားတော် မာလ်ဖွိုင်း။ထိုမြင်ကွင်းက သူ့အား လွန်ခဲ့သော နှစ်များက စည်းချထားသော အိမ်မှာတုန်းက အချိန်ကို သတိရစေသည်။လက်ထဲတွင် စာအုပ်တစ်အုပ်နှင့်၊ လက်တင်ကုလားထိုင်တွေအနက် တစ်လုံးမှာ ဒရေကို ဇိမ်ကျကျ ထိုင်ပြီးသွားသည့်အခါ ဟယ်ရီ သူ့ကို တစ်ဝက် ချစ်မိသွားပြီဖြစ်သည်။သူ သူ့ကို ချစ်နေဆဲဟု ထင်သည်။နောက်ထပ် အချိန်အကြာကြီးဖြစ်လောက်သည်။

စိတ်ရဲ့ အလှည့် | မြန်မာပြန် |Onde histórias criam vida. Descubra agora