အပိုင်း ၁၊ မိတ်ဖွဲ့ခြင်း

1.5K 182 5
                                        

Unicode

ညစာ စားပွဲမှာ ထိုင်ကြသည့်အခါ အရသာရှိသော ညစာကိုစားရင်း သူတို့ စကားတီးတိုးပြောနေခဲ့ကြသည်။ဟယ်ရီက စပါကတီနှင့် အသားလုံးတွေ ပြင်ဆင်ခဲ့သည်။အနှီဟင်းလျာ က ဟော့ဝေါ့စ်ကို သူမရောက်မီ အချိန်အတွင်း အတွေ့အကြုံအများကြီး ရှိခဲ့သည့် ဟင်းလျာတစ်ခု။ဒရေကိုက ကြောင်အိမ်တစ်လုံးထဲမှာ ဝိုင်အချို့ရှာတွေ့ခဲ့တာကြောင့် သူတို့နှစ်ဦး ဝိုင်ပါသောက်နေခဲ့၏။

"ဒီချက်နည်းတွေကို မင်းဘယ်ကသင်လာတာလဲ။သေချာတာကတော့ ဟော့ဝေါ့စ်မှာ မင်း ဟင်းမချက်ပါဘူး"

ဒရေကိုက သူ မမျှော်လင့်သည်ကို မေးသည်။ချီးကျူးစကားကြောင့် ဒရေကို့ကို အံအားသင့်စွာ သူကြည့်လိုက်မိ၏။သူ့အချက်အပြုတ် စွမ်းရည်နှင့် ပတ်သက်လို့ ဒရေကို့ကို ဘာတွေ ပြောပြသင့်သလဲ သူ စဉ်းစားသည်။သူ အမှန်အတိုင်း ပြောပြသင့်သလား၊ဒါမှမဟုတ် အနှီကိစ္စတွေကို ပြောဖို့အထိ သူတို့ မရင်းနှီးကြသေးဘူးလား။

နောက်ဆုံးတော့ ဒရေကို့ကို ဒါစလေမိသားစု အကြောင်းပြောပြဖို့ ဟယ်ရီ ဆုံးဖြတ်လိုက်သည်။ဘာပဲပြောပြော သူတို့က အခု သူငယ်ချင်းတွေ ဖြစ်နေကြပြီ။ဒါ့အပြင် ဒရေကို့မှာလည်း အတော်အတန် ကြမ်းတမ်းသည့် ငယ်ဘဝအတွေ့အကြုံတွေ ရှိခဲ့သည်ဟု သူသိထားသည်။ဒါကြောင့် အကယ်၍ တစ်စုံတစ်ယောက်က ဟယ်ရီ့အနေအထားကို အတိုင်းအတာတစ်ခုအထိ နားလည်ပေးနိုင်သည်ဆိုလျှင် ထိုသူက ဒရေကို ဖြစ်နိုင်သည်။

"သူတို့မင်းကို ချောင်မှာ အိပ်ခိုင်းတယ်?"

ဒရေကိုက အယုံရခက်စွာ မေးသည်။ဒရေကို့ကို ကြည့်ရတာ သူ့ဇာတ်ကြောင်းတစ်ခုလုံးကြောင့် ဒေါကန်သွားပုံရသည်။အထူးသဖြင့် ဟယ်ရီက တကယ်တော့ ကလေးဘဝတစ်လျှောက်လုံး နီးပါး လှေကားအောက် ချောင်အခန်းမှာ နေခဲ့ရသည် ဆိုသော အချက်ကိုဖြစ်သည်။

"အင်း၊ဟုတ်တယ်၊ဒါပေမဲ့ ဒါက ငါ ဟင်းချက်တတ်ရတဲ့ အကြောင်းရင်းပဲ၊ငါ့အဒေါ်ငါ့ကို သင်ပေးတာ"

ဒရေကို ဘာကြောင့် ဒေါသထွက်နေသလဲ သေချာမသိဘဲ ဟယ်ရီက ပြောသည်။သူငယ်ချင်းတွေ ဖြစ်နေကြပြီဆိုတာ ဟုတ်ပေမဲ့ စိတ်ဓာတ်ကျချင်စရာ သူ့ဇာတ်လမ်းတစ်လျှောက်လုံး သူ့ဘက်က လိုက် နာနေပေးရအောင်အထိတော့ မနှီးရင်းသေးဘူးဟု သူနားလည်ထားသည်။

စိတ်ရဲ့ အလှည့် | မြန်မာပြန် |Donde viven las historias. Descúbrelo ahora