Unicode
ဟယ်ရီ သူ့အနားကို သတိထားပြီး ချဉ်းကပ်သွား၏။သူက ဟော့ဝေါ့စ်မှာရှိသည့် အခြားတစ္ဆေတွေအတိုင်းပါပဲ။ချောက်ချားဖွယ် ဖျော့တော့၍ နည်းနည်းပါးပါး ဖောက်ထွင်း မြင်နေရ၏။မျက်နှာပေါ်ရှိ သုန်မှုန်နေသော အမူအရာကြောင့် သူ့ပုံစံက ဘယ်သောအခါမှ မပျော်ရွှင်တော့မည့်နှယ်။မီးခိုးရောင် အမျိုးသမီး(the Grey Lady)မှာ တသီးတသန့် ထူးခြားနေသည့်အရာတွေ မရှိပေမဲ့ အရေးအပါဆုံးသော သတင်းအချက်အလက်တွေထဲက တစ်ခုအား ထိန်းသိမ်းထားသည်ကိုမူ ဟယ်ရီ သိခဲ့၏။တစ္ဆေဖြစ်သူကို လှန့်သွားစေနိုင်သော မည်သည့် တက်သုတ်ရိုက် အပြုအမူကိုမှ မပြုလိုသည့်အတွက် လူနာ နှင့် ဒရေကိုက ဟယ်ရီ့နောက်တွင် တိတ်တဆိတ် ကပ်လိုက်နေခဲ့၏။လမ်းသွားလမ်းလာဟူ၍ မီးခိုးရောင်အမျိုးသမီးနှင့် သူ့ကို ရှာနေသော ကဝေသုံးယောက်သာ ရှိနေခဲ့သဖြင့် စင်္ကြံလမ်းက ဆိတ်ငြိမ်နေခဲ့သည်။
"နင် ရှာနေတာကို ငါ သိတယ်။နင် ဒီမှာ တွေ့မှာ မဟုတ်ဘူး"
တစ္ဆေက ပြောသည်။လေသံက ညင်သာသည့်တိုင် အဖျားဆွတ် ခက်ထန်သွား၏။
လူနာက ဒရေကို့ကို တစ်စုံတစ်ရာ တီးတိုးပြောလိုက်ပြီးနောက် သူတို့နှစ်ဦးစလုံး စင်္ကြံလမ်းမှ ထွက်ခွါသွားကြ၏။ခြေသံလုံလွန်းသဖြင့် ရေးကြီးသုတ်ပျာဖြစ်နေသည့် ဟယ်ရီက သူတို့ ထွက်သွားသည်ကို သတိမပြုမိလိုက်။ဟယ်ရီ အကျပ်ရိုက်နေခဲ့ပြီး အချိန်တွေ တချက်ချက် ကုန်လွန်သွားသည်ကို ကြားယောင်နေခဲ့၏။သူ ထို သရဖူကို ရမှ ဖြစ်မည်။
"ဟယ်လင်နာ၊ ကျေးဇူးပြုပြီး"
ဟယ်ရီ ခယ တောင်းပန်လိုက်၏။
"ကျွန်တော်တို့ ရိုဝီနာရဲ့ သရဖူကို ရှာနေတာ။အဲ့တာမရှိဘဲ ဗိုဒါမို့ထ်ကို မနိုင်နိုင်ဘူး"
ဟယ်ရီ အကြောင်းပြသည်။
"သူ့နာမည်ကို မပြောနဲ့"
မီးခိုးရောင် အမျိုးသမီးက အေးဆေးငြိမ်သက်စွာ ဆိုလာသည်။ဝမ်းနည်းအားငယ်နေသော မျက်လုံးများဖြင့် ဟယ်ရီ့ကို သူ ကြည့်သည်။အချိန်တစ်မိနစ် လွန်သွားတိုင်း ကုန်ဆုံးသွားသည့် မိနစ်တိုင်းမှာ လူတစ်ယောက် အန္တရာယ်ထဲ ကျရောက်သွားသည်ကို ဟယ်ရီ သိနေခဲ့သည်။
ВИ ЧИТАЄТЕ
စိတ်ရဲ့ အလှည့် | မြန်မာပြန် |
Фанфіки✔Uploaded in both Zawgyi and Unicode. ကာကွယ်ပေးမည် ဆိုသော ဒမ်ဘယ်ဒေါ၏ ကမ်းလှမ်းမှုကို နက္ခတ်ကြည့်မျှော်စင်ပေါ်မှာ မာလ်ဖွိုင်း လက်ခံခဲ့လိုက်လျှင်ကော။ ထိုကတိကဝတ်၏ အကျိုးဆက်ဖြင့် ဟယ်ရီနှင့် ဒရေကိုတို့ အတူတူနေကြဖို့ အတင်း အစီစဥ် ခံခဲ့ရလျှင်က...
