Unicode
"နင် ဘယ်လိုတောင် ပြောနိုင်ရတာလဲ ဟာမိုင်အိုနီ။တစ်ခုခု ချွတ်ချော်သွားရင် ဘယ်လိုလုပ်မလဲ။ငါတို့ သူ့ကို ပြန်ရမှ ဖြစ်မယ်"
စိတ်ဖိစီးနေသည့် ဟယ်ရီပေါ်တာ တစ်ယောက် ကျယ်ဝန်းသည့် တဲအလျားအတိုင်း ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေခိုက် သူ့အချစ်ဆုံးသူငယ်ချင်းနှစ်ယောက် စိတ်မကောင်းဖြစ်နေသည့် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ရွန် ပြန်ရောက်လာတာ ရက်သတ္တပတ် နှစ်ပတ်ရှိပြီဖြစ်၏။ဂရင်ဖင်းဒေါဓားကို သူတို့ ပြန်ရပြီးကတည်းကဆိုလျှင် နှစ်ပတ်၊ပြီးတော့ ဒရေကို့ဆီက နောက်ဆုံး သတင်းစကားကြားခဲ့ရတာဆိုလျှင် နှစ်ပတ်။ဟုတ်သည်။သူ အသက်ရှင်နေဆဲဖြစ်ကြောင်းနှင့် အဆင်ပြေနေသေးကြောင်း ဇီးကွက်စာမပါး၊အကြောင်းမကြားသည့် ဒရေကိုမပါဘဲ သူတို့ ရှေ့ဆက်ခဲ့ကြ၏။သို့ပေမဲ့ ဤတစ်ကြိမ်တော့ တစ်ခုခု မူမမှန်ဖြစ်နေသည်ဟု ဟယ်ရီ ခံစားရ၏။တစ်စုံတစ်ရာက ဆိုးဆိုးဝါးဝါး လွဲမှားနေပြီ။
"ဟယ်ရီ၊အခွင့်အရေးရတာနဲ့ ငါတို့ ဒရေကို့ကို ချက်ချင်းပြန်ခေါ်မှာ နင်သိပါတယ်၊ဒါပေမဲ့ "
"ဒါပေမဲ့၊အားမနာတမ်း ပြောရရင် သူက အမှောင်ဂိုဏ်းသားတစ်ယောက်မို့လို့ ငါတို့ သူ့ကိုကယ်ဖို့အတွက်နဲ့ အဖိုးတန်တဲ့ အချိန်တွေကို အကုန်မခံနိုင်ဘူး၊ဟုတ်တယ်မလား။နင်တို့နှစ်ယောက် အခု အဲ့လို တွေးနေတာ မဟုတ်လား"
ဟယ်ရီက စကားနာထိုးသည်။အစိမ်းရောင် သူ့မျက်လုံးတွေထဲ ဒေါသက ယမ်းပုံမီးမကျရုံမသမယ်။ဟာမိုင်အိုနီနှင့် ရွန် စကားလုံးတွေ ကြိုးစားရှာရ၏။ဟယ်ရီ့ စွပ်စွဲပြစ်တင်မှုကြောင့် သူတို့ မျက်နှာပေါ်မှာ အပြစ်မကင်းသလို ခံစားချက်က အထင်းသား။
"ဟေး၊ဟျောင့်၊အဲ့လို မဟုတ်ပါဘူး။မင်း လူတွေကို သူတို့တွေးတောင်မတွေးမိတဲ့ ကိစ္စတွေနဲ့ ပတ်စွပ်စွဲနေလို့ မရဘူး။ပြီးတော့ မာလ်ဖွိုင်းက မဟုတ်တာ တစ်ခုခုကျိတ်ကြံနေပါတယ်လို့ အဟုတ် ထင်နေခဲ့တာ ဘယ်သူလဲ။ဘယ်သူက သောက်တစ်နှစ်လုံးကို အချိန် "
"ဟုတ်ပါပြီ။ငါပေါက်တယ်။ဒါတွေအားလုံး မတိုင်ခင်က ငါ ဒရေကိုနဲ့ မတည့်ခဲ့ဘူး။ဆိုးတာက ငါ သူ့ကို မုန်းတောင် မုန်းခဲ့မိမယ်။ဒါပေမဲ့ အခု၊ အခု ငါက ငါက သူ့ကို ချစ်တယ်။ငါ သူ့ကို ပြန်လိုချင်တယ်။ဟာမိုင်အိုနီ၊ငါ ဘယ်လို ခံစားရလဲ အားလုံးထက် နင်ပိုသိတယ်။ရွန် ဒီမှာ ရှိမနေခဲ့တဲ့ ရက်တွေတုန်းက နင်က နင်မဟုတ်ခဲ့ပါဘူး။သူမရှိလို့ နင် လုံးဝ စိတ်ဆင်းရဲနေခဲ့တာပါ။ဒရေကို မရှိတာ ရက်သတ္တပတ်တွေ များလှပြီ၊စံအိမ်မှာ သူ့ကို သူတို့ ဘာတွေလုပ်နေကြလဲ ဘယ်ကောင်က သိလို့လဲ"
BẠN ĐANG ĐỌC
စိတ်ရဲ့ အလှည့် | မြန်မာပြန် |
Fanfiction✔Uploaded in both Zawgyi and Unicode. ကာကွယ်ပေးမည် ဆိုသော ဒမ်ဘယ်ဒေါ၏ ကမ်းလှမ်းမှုကို နက္ခတ်ကြည့်မျှော်စင်ပေါ်မှာ မာလ်ဖွိုင်း လက်ခံခဲ့လိုက်လျှင်ကော။ ထိုကတိကဝတ်၏ အကျိုးဆက်ဖြင့် ဟယ်ရီနှင့် ဒရေကိုတို့ အတူတူနေကြဖို့ အတင်း အစီစဥ် ခံခဲ့ရလျှင်က...