Unicode
ဇာတ်လမ်းရဲ့ အပိုင်းအစ တချို့ကို ရေးဖို့ အဖေ့ ကွန်ပျူတာကို အနည်းအကျဥ်း သုံးပြီး အဓိကအားဖြင့် ကျွန်မရဲ့ ဖုန်းနဲ့ ဒီဇာတ်လမ်းလေးကို eighth grade မှာ ကျွန်မ စတင်လာခဲ့တာ ငါးနှစ် ရှိသွားပါပြီ။ဒီဇာတ်ကောင်တွေဟာ ကျွန်မ နှလုံးသားရဲ့ အထူးနေရာတစ်နေရာမှာ အမြဲ ရှိနေမှာ ဖြစ်ပြီး ဒီဇာတ်လမ်းကလည်း ထို့အတူပါပဲ။ဒါပေမဲ့ အဲဒီအရာတွေ အားလုံးထက်၊တကယ့် လူသားစင်စစ်တွေ၊ခုန်နေတဲ့ နှလုံးသား၊သက်ဝင်နေတဲ့ စိတ်နဲ့ လူတွေက ဒီ ဇာတ်လမ်းကို ဖတ်ခဲ့ကြ၊ခံစားခဲ့ကြတယ် ဆိုတဲ့ အချက်၊အဲ့ဒီအချက်က ကျွန်မကို အံ့အားသင့်စေတယ်လို့ ထင်ပါတယ်။
ဇာတ်သိမ်းတစ်ခုရေးမယ်လို့ ကတိကဝတ်ထားခဲ့တာ ကျွန်မ သိပါတယ်။ဒါပေမဲ့ ရိုးရိုးသားသား ဝန်ခံရရင် ဇာတ်ကို ဘယ်လို သိမ်းဖို့ ရည်ရွယ်ထားခဲ့သလဲ ကျွန်မ မမှတ်မိတော့ပါဘူး။မသင့်လျော်မယ့် ဇာတ်သိမ်းတစ်ခုကို မသိလိုက်ဘဲ ရေးမိတာမျိုးကို သတိထားရှောင်ရှားဖို့ နောက်ဆုံး အပိုင်းတချို့ကို ကျွန်မ အပူတပြင်း ပြန်ဖတ်ခဲ့ပါတယ်။ကတိတည်ဖို့အတွက်နဲ့ အဓိပ္ပါယ်မဲ့တဲ့ ဇာတ်သိမ်းတစ်ခုကို ကျွန်မရေးခဲ့ရင် စာဖတ်သူအတွက် တရားမှာ မဟုတ်ပါဘူး။
ကျွန်မ ရေးထားခဲ့တဲ့ နောက်ဆုံးအပိုင်း နောက်ဆုံးစာကြောင်းကို စာဖတ်သူ ပြန်ဖတ်ကြည့်မယ်ဆိုရင် ဇာတ်လမ်းကိုယ်တိုင်ရဲ့ ဇာတ်သိမ်းတစ်ခုကို တွေ့ပါလိမ့်မယ်။
"ကမ္ဘာလောကကြီးထဲ သူတို့ အပြည့်အဝ အချိန်ရခဲ့ကြတယ်"
အဲဒီ အမြဲ ပျော်ရွှင်စွာနေထိုင်သွားကြလေတော့သတည်းကို အဆုံးသတ်မှာ သူတို့ ရချင် ရခဲ့ပါလိမ့်မယ်။ဒါမှမဟုတ် အရာအားလုံး ဖောက်ပြန်ပျက်ပြားသွားချင် သွားပါလိမ့်မယ်။ဘဝက ဆောင်ကြဥ်းလာတဲ့ ဒီလှိုင်း အတက် အကျတွေအကြားမှာလို့ ကျွန်မတို့ ပြောကြသလို တစ်နေရာရာမှာ သူတို့ ရှင်သန်ချင် ရှင်သန်နေကြပါလိမ့်မယ်။
ဒီဇာတ်လမ်းလေးရဲ့ ဇာတ်သိမ်းက ဇာတ်လမ်းကို ကျွန်မ လက်လွှတ်ခဲ့ပုံ အတိအကျပါပဲ။ကောင်းမွန်တဲ့ ဇာတ်သိမ်းခြင်းတွေဟာ သူတို့ ပျော်ရွှင်ကြတာ၊သကြားလုံးတွေ အများကြီးစားကြတာ၊ဝဝကစ်ကစ် ကဝေကလေးလေးတွေကို မွေးစားကြတာလို့ တွေးပြီး (၁၄) နှစ်သမီးအရွယ် ကျွန်မက ဒီဇာတ်သိမ်းနဲ့တင် မရောင့်ရဲ နိုင်ခဲ့ပါဘူး။
YOU ARE READING
စိတ်ရဲ့ အလှည့် | မြန်မာပြန် |
Fanfiction✔Uploaded in both Zawgyi and Unicode. ကာကွယ်ပေးမည် ဆိုသော ဒမ်ဘယ်ဒေါ၏ ကမ်းလှမ်းမှုကို နက္ခတ်ကြည့်မျှော်စင်ပေါ်မှာ မာလ်ဖွိုင်း လက်ခံခဲ့လိုက်လျှင်ကော။ ထိုကတိကဝတ်၏ အကျိုးဆက်ဖြင့် ဟယ်ရီနှင့် ဒရေကိုတို့ အတူတူနေကြဖို့ အတင်း အစီစဥ် ခံခဲ့ရလျှင်က...
